×

စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ယင်းတို့၌ တည်ရှိနေသောအရာ ဟူသမျှတို့ကိုလည်းကောင်း၊ (တိကျသောရည်ရွယ်ချက် အခြေခံနိယာမတရားများ၊ စနစ်တကျ ရှိစေလျှက်) အမှန်တရားသစ္စာဖြင့်မှအပ (အကြောင်းမဲ့ 15:85 Burmese translation

Quran infoBurmeseSurah Al-hijr ⮕ (15:85) ayat 85 in Burmese

15:85 Surah Al-hijr ayat 85 in Burmese (البورمية)

Quran with Burmese translation - Surah Al-hijr ayat 85 - الحِجر - Page - Juz 14

﴿وَمَا خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَآ إِلَّا بِٱلۡحَقِّۗ وَإِنَّ ٱلسَّاعَةَ لَأٓتِيَةٞۖ فَٱصۡفَحِ ٱلصَّفۡحَ ٱلۡجَمِيلَ ﴾
[الحِجر: 85]

စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ယင်းတို့၌ တည်ရှိနေသောအရာ ဟူသမျှတို့ကိုလည်းကောင်း၊ (တိကျသောရည်ရွယ်ချက် အခြေခံနိယာမတရားများ၊ စနစ်တကျ ရှိစေလျှက်) အမှန်တရားသစ္စာဖြင့်မှအပ (အကြောင်းမဲ့ ပရမ်းပတာ) ဖွဲ့စည်းဖြစ်တည်စေတော်မူသည် မဟုတ်ချေ။ ထို့ပြင် ဧကန်မလွဲ၊ (ငါအရှင်မြတ်က ပြဌာန်းသတ်မှတ်ထားတော်မူသော တမလွန်တရားစီရင်မည့်) နောက်ဆုံး နေ့နာရီသည် မုချပင် ဆိုက်ရောက်လာမည်ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော် အသင်သည် လူတို့၏မှားယွင်းချွတ် ချော်မှုများနှင့်နှောက်ယှက်မှုများကို) ဥပေက္ခာပြုလျှက် အကောင်းဆုံးနှင့်အတင့်တယ်ဆုံးနည်းဖြင့် ကောင်းမွန်စွာ ခွင့်လွှတ်လော့။

❮ Previous Next ❯

ترجمة: وما خلقنا السموات والأرض وما بينهما إلا بالحق وإن الساعة لآتية فاصفح, باللغة البورمية

﴿وما خلقنا السموات والأرض وما بينهما إلا بالحق وإن الساعة لآتية فاصفح﴾ [الحِجر: 85]

Ba Sein
၈၅။ ငါသည် မိုးမြေနှင့် မိုးမြေစပ်ကြားရှိရှိသမျှအရာဝထ္ထုအပေါင်းတို့ကို အကျိုးမဲ့အကြောင်းမဲ့ဖန်ဆင်းတော်မူသည် မဟုတ်၊ မှန်ကန်မှုထင်ရှားစေခြင်းငှာဖြစ်၏။ အချိန်တော်ကြီးသည် မုချဧကန်လာနေသည်။ ထို့ကြောင့်မိုဟမ္မဒ်၊ သင်သည် အပြစ်လွှတ်ခြင်းကို သဘောကြည်ဖြူ၍ မေတ္တာရှေ့ထား၍ ပြုလော့။
Ghazi Mohammad Hashim
စင်စစ်သော်ကား ငါအရှင်မြတ်သည် မိုးကောင်ကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ထိုမြေနှင့်မြေစပ်ကြား၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ (အကြောင်းမဲ့မဟုတ်) မှန်ကန်သောရည်ရွယ်ချက်နှင့်တကွ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ဧကန်မလွဲ (ငါအရှင်မြတ် သတ်မှတ်ထားတော်မူသော) ကိယာမတ်သည် မုချဆိုက်ရောက်လာမည်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့၏နှောက်ယှက်မှုများကို) ကောင်းမွန်စွာ ခွင့်လွှတ်ခြင်းနည်းမျိုးနှင့် ခွင့်လွှတ်ပါလေ။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီသာမက ထိုမိုးနှင့်‌မြေစပ်ကြားတွင်ရှိသမျှအရာများကိုလည်း မှန်ကန်‌သောရည်ရွယ်ချက်နှင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ကိယာမသ်သည် အမှန်ပင် ဆိုက်‌ရောက်လာမည်ဖြစ်သည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် (သူတို့၏ ‌နှောက်ယှက်မှုများအား) ‌ကောင်း‌သောခွင့်လွှတ်နည်းဖြင့် ခွင့်လွှတ်လိုက်ပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek