Quran with Burmese translation - Surah An-Nahl ayat 102 - النَّحل - Page - Juz 14
﴿قُلۡ نَزَّلَهُۥ رُوحُ ٱلۡقُدُسِ مِن رَّبِّكَ بِٱلۡحَقِّ لِيُثَبِّتَ ٱلَّذِينَ ءَامَنُواْ وَهُدٗى وَبُشۡرَىٰ لِلۡمُسۡلِمِينَ ﴾
[النَّحل: 102]
﴿قل نـزله روح القدس من ربك بالحق ليثبت الذين آمنوا وهدى وبشرى﴾ [النَّحل: 102]
Ba Sein ၁ဝ၂။ တမန်တော်ဟောကြားလော့။ ကုရ်အာန်ကျမ်းတော်မြတ်သည် ယုံကြည်သူတို့၏ ယုံကြည်မှုကို ခိုင်ခန့်တည်မြဲစေဖို့ ရာသော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား ကျိုးနွံနာခံသောသူတို့အဖို့အရာ လမ်းညွှန်တော်ကြီးနှင့် သတင်းကောင်းမင်္ဂလာကြီးအဖြစ်ဖြင့်သော်လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်ကို ကောင်းကင်တမန် မင်းကြီးသည် သင်၏ ကျေးဇူးတော်သခင်ထံမှ ယူဆောင်လာ၍ သင့်အား ပေး၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆို ဖြေကြားပါလေ။ ထိုအာယတ်တော်ကို ရူဟုလ်ကုဒွတ်စ် (ကောင်းကင်တမန်ဂျစ်ဗ်ရီလ်)သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်အထံတော်မှ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား တည်တံ့မြဲမြံစေခြင်း ငှာလည်းကောင်း၊ (မုစ်လင်မ်) အမိန့်တော်ကို လိုက်နာသူတို့အဖို့ တရားလမ်းညွှန် အဖြစ်လည်းကောင်း၊ သတင်းကောင်းအဖြစ်လည်းကောင်း၊ (တိကျ)မှန်ကန်စွာချပေးခဲ့လေသတည်း။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- ထိုအာယသ်တော်ကို ရှုဟွလ်ကုဒုစ်(ကောင်းကင်တမန် ဂျိဗ်ရီလ်)က အသင်၏ထံသို့ ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ယုံကြည်သူများအား တည်တံ့ခိုင်မြဲစေရန်၊ မွတ်စ်လင်မ်များအတွက် လမ်းမှန်ညွှန်ကြားပြသချက်အဖြစ်နှင့် သတင်းကောင်းအဖြစ် မှန်ကန်စွာ ချပေးတော်မူခဲ့သည်။ |