×

ထို့ပြင် ငါအရှင်မြတ်သည် အာယတ်သက်သေလက္ခဏာတော် တစ်ခု၏နေရာတွင် အခြားအာယသ် သက်သေလက္ခဏာတော်တစ်ခုဖြင့် အစားတိုးပြောင်းလဲစေတော်မူသောအခါ အမှန်စင်စစ် (ထိုသို့ ပြောင်းလဲစေတော်မူခြင်း ကျမ်းတော်မြတ်ကုရ်အာန်အား ပြီးပြည့်စုံစေတော်မူရန်ဖြစ်ရာ) 16:101 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:101) ayat 101 in Burmese

16:101 Surah An-Nahl ayat 101 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 101 - النَّحل - Page - Juz 14

﴿وَإِذَا بَدَّلۡنَآ ءَايَةٗ مَّكَانَ ءَايَةٖ وَٱللَّهُ أَعۡلَمُ بِمَا يُنَزِّلُ قَالُوٓاْ إِنَّمَآ أَنتَ مُفۡتَرِۭۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ﴾
[النَّحل: 101]

ထို့ပြင် ငါအရှင်မြတ်သည် အာယတ်သက်သေလက္ခဏာတော် တစ်ခု၏နေရာတွင် အခြားအာယသ် သက်သေလက္ခဏာတော်တစ်ခုဖြင့် အစားတိုးပြောင်းလဲစေတော်မူသောအခါ အမှန်စင်စစ် (ထိုသို့ ပြောင်းလဲစေတော်မူခြင်း ကျမ်းတော်မြတ်ကုရ်အာန်အား ပြီးပြည့်စုံစေတော်မူရန်ဖြစ်ရာ) ချမှတ်ပေးအပ်တော်မူ​သမျှနှင်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်သည်ပင် အသိဆုံးဖြစ်တော်မူသော်လည်း (အမှန်တရားသစ္စာ ကို မယုံကြည်ဖီဆန်ငြင်းပယ်ကြသော) သူတို့ကမူ “အသင် (တမန်တော်) သည်ပင် (ထိုသို့) ကြံစည် ဖန်တီးခြင်းသာ ဖြစ်၏။”ဟု ပြောဆိုကြ၏။ (သူတို့စွပ်စွဲသကဲ့သို့အလျှင်းမဟုတ်ပေ)၊ အမှန်မှာ လူသားတို့အနက်မှ အများစုသည် (အမှန်တရားသစ္စာနှင့်စပ်လျဉ်း၍) မသိနားမလည်ကြပေ။

❮ Previous Next ❯

ترجمة: وإذا بدلنا آية مكان آية والله أعلم بما ينـزل قالوا إنما أنت, باللغة البورمية

﴿وإذا بدلنا آية مكان آية والله أعلم بما ينـزل قالوا إنما أنت﴾ [النَّحل: 101]

Ba Sein
၁ဝ၁။ အလ္လာဟ်အရှင်မြတ်သည် မိမိချပေးတော်မူသောကျမ်းတော်ကို ကောင်းစွာသိတော်မူ၏။ ငါအရှင်မြတ်သည် ကျမ်းတော်တစောင်ကို အခြားကျမ်းတော်တစောင်နှင့် အစားထိုးတော်မူသောအခါ အယူမှားသူတို့သည် သင့်အား မဟုတ်မမှန်လုပ်ဇာတ်ခင်းနေသည်ဟု စွပ်စွဲကြ၏။ သူတို့အနက် များစွာသောသူတို့သည် မသိမမြင်ကြချေ။
Ghazi Mohammad Hashim
၎င်းပြင် ငါအရှင်မြတ်သည် အာယတ်တော်တစ်ပုဒ်ကို အာယတ်တော်တစ်ပုဒ်၏ နေရာတွင် ပြောင်းလဲတော်မူသောအခါ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိချပေးတော်မူသော အမိန့်ပညတ်တော်ကို အသိတော်မူဆုံးပင်ချပေးတော်မူသော အမိန့်ပညတ်တော်ကို အသိတော်မူဆုံးပင်ဖြစ်တော်မူ၏။ ယင်း (ကာဖိရ်သွေဖည်ငြင်းပယ်သော)သူတို့ကအသင်သည် ကြံဖန်လီဆယ်သူမျှသာဖြစ်သည်ဟု ပြောဆိုကြကုန်၏။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့အနက်အများဆုံးသောသူတို့သည် မသိနားမလည်ကြပေ။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် အာယသ်‌တော်တစ်ပိုဒ်ကို အခြားအာယသ်‌တော်တစ်ပိုဒ်၏‌နေရာတွင် ‌ပြောင်းလဲ‌တော်မူ‌သောအခါ* အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ချ‌ပေး‌တော်မူ‌သောအမိန့်များကို အသိဆုံးဖြစ်‌တော်မူသည်။ သူတို့က အသင်သည် လုပ်ကြံဖန်တီးသူပင်ဖြစ်သည်ဟု ‌ပြောဆိုကြသည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်မှာ သူတို့ထဲမှ အ‌မြောက်အမြားသည် မသိနားမလည်ကြ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek