Quran with Burmese translation - Surah An-Nahl ayat 106 - النَّحل - Page - Juz 14
﴿مَن كَفَرَ بِٱللَّهِ مِنۢ بَعۡدِ إِيمَٰنِهِۦٓ إِلَّا مَنۡ أُكۡرِهَ وَقَلۡبُهُۥ مُطۡمَئِنُّۢ بِٱلۡإِيمَٰنِ وَلَٰكِن مَّن شَرَحَ بِٱلۡكُفۡرِ صَدۡرٗا فَعَلَيۡهِمۡ غَضَبٞ مِّنَ ٱللَّهِ وَلَهُمۡ عَذَابٌ عَظِيمٞ ﴾
[النَّحل: 106]
﴿من كفر بالله من بعد إيمانه إلا من أكره وقلبه مطمئن بالإيمان﴾ [النَّحل: 106]
Ba Sein ၁ဝ၆။ အကြင်သူတို့သည် ယုံကြည်ပြီးမှ အလ္လာဟ်အရှင်မြတ်အား မယုံကြည်စွန့်ပစ်၍ မိစ္ဆာအယူဝါဒတွင် နှစ်သက် ပျော်ရွှင်အ့ံ။ ထိုသူတို့ကို အရှင်မြတ်၏ အမျက်တော်ရှ၏။ သူတို့၏ အပြစ်ဒဏ်မှာ အလွန်ကြောက်မက်ဖွယ် ကောင်း၏။ သို့သော်အတင်းအဓမ္မခိုင်းစေ၍ ယုံကြည်မှုကို စွန့်လွှတ်ရသော်လည်း မိမိ၏ စိတ်နှလုံးတွင် ယုံကြည်မှုတရားနှင့် ရောင့်ရဲပျော်ပိုက်နေသူမှာကား ယင်းသို့အပြစ်မရချေ။ |
Ghazi Mohammad Hashim မည်သူမဆို မိမိ အီမာန်သက်ဝင် ယုံကြည်ပြီးနောက် အလ္လာဟ်အရှင်မြတ်အား သွေဖည်ငြင်းပယ် သွားခဲ့ပါလျှင်(အကယ်၍)အကြင်သူသည် အနိုင်အထက်ပြုမူခြင်းခံရ၍၎င်း၏စိတ်နှလုံးမှာ အီမာန်သက်ဝင်ယုံကြည်မှုနှင့်ပင် နှစ်သိမ့်ကျေနပ်လျက်ရှိခဲ့သော် (၎င်း၌အပြစ်မရှိချေ)။ သို့ရာတွင်အကြင်သူ၏စိတ်နှလုံးသည် ကုဖ်ရ်သွေဖည်ငြင်းပယ်မှု၌ပင်မွေ့လျော်ခဲ့ပါလျှင် (အကြင်သူသည် စိတ်နှလုံး ကြည် ဖြူစွာနှင့်ကုဖ်ရ် သွေဖည်ငြင်းပယ်မှုကို လက်ခံခဲ့ ပါလျှင်) ထိုကဲ့သို့သောသူတို့အပေါ်၌မူ အလ္လာဟ်အရှင်မြတ်အထံတော်မှ အမျက်တော်သည် ကျရောက်ပေမည်။ ထိုမှတစ်ပါး ၎င်းတို့၌ကြီးလေးသော ပြစ်ဒဏ်သည်လည်း ရှိချိမ့်သည်တည်း။ |
Hashim Tin Myint မည်သူမဆို သူအီမာန်ယုံကြည်ပြီးနောက် အလ္လာဟ်အရှင်မြတ်အား ငြင်းပယ်ခဲ့လျှင်၊ ထို(ငြင်းပယ်မှု)ထဲ၌ အကြင်သူမပါပေ၊ ထိုသူ၏စိတ်နှလုံးသည် ငြင်းပယ်မှုတွင် မွေ့လျော်ခဲ့လျှင် ထိုသူများ၏အပေါ်တွင်မူ အလ္လာဟ်အရှင်မြတ်ထံတော်မှ အမျက်တော်သည် ကျရောက်မည်ဖြစ်သည်။ ၎င်းနောက် သူတို့အတွက် ကြီးကျယ်သောပြစ်ဒဏ်လည်း ရှိမည်ဖြစ်သည်။ |