Quran with Burmese translation - Surah An-Nahl ayat 108 - النَّحل - Page - Juz 14
﴿أُوْلَٰٓئِكَ ٱلَّذِينَ طَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ وَسَمۡعِهِمۡ وَأَبۡصَٰرِهِمۡۖ وَأُوْلَٰٓئِكَ هُمُ ٱلۡغَٰفِلُونَ ﴾
[النَّحل: 108]
﴿أولئك الذين طبع الله على قلوبهم وسمعهم وأبصارهم وأولئك هم الغافلون﴾ [النَّحل: 108]
Ba Sein ၁ဝ၈။ ဤလူများသည် မိမိတို့စိတ်နှလုံးများ၊ နားများ၊ မျက်စိများကို အလ္လာဟ်အရှင်မြတ်ချိပ်တံဆိပ်ခတ်နှိပ်သော့ပိတ် ထားတော်မူခြင်းခံရကြ၏။ ထို့အပြင်သူတို့သည် တရားတော်ကို ဂရုမစိုက်မေ့လျော့ကြ၏။ |
Ghazi Mohammad Hashim ဤသူများတွင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများအပေါ်၌ လည်းကောင်း၊ နားများအပေါ်၌လည်းကောင်း၊ မျက်စိ များအပေါ်၌လည်းကောင်း၊ တံဆိပ်ခပ်နှိပ်တော်မူခဲ့လေသည်။ ထိုမှတစ်ပါးဤသူများပင် (လောကီဘဝ၌ ပျော်မြူးလျက် တမလွန်ဘဝကို)လျစ်လျူရှုနေကြသူများ ဖြစ်ကြကုန်သတည်း။ |
Hashim Tin Myint ထိုသူများသည် အကြင်သူများပင်ဖြစ်ကြသည်။ ထိုသူများ၏စိတ်နှလုံးများနှင့် သူတို့၏နားများ၊ မျက်စိများအပေါ်တွင် အလ္လာဟ်အရှင်မြတ်က တံဆိပ်ခတ်နှိပ်တော်မူခဲ့သည်။ ၎င်းနောက် ထိုသူများပင် (တမလွန်ဘဝကို)မေ့လျော့နေသောသူများဖြစ်ကြသည်။ |