×

ထို့ပြင် မလွဲဧကန်၊ သူတို့အနက်မှပင်ဖြစ်သော ရစူလ်တမန်တော်တစ်ပါးသည် သူတို့ထံသို့ ရောက်ရှိလာခဲ့ရာ သူတို့သည် သူ့ကို မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပြီး အရှင့်စည်းမျဉ်းတော်များကို 16:113 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:113) ayat 113 in Burmese

16:113 Surah An-Nahl ayat 113 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 113 - النَّحل - Page - Juz 14

﴿وَلَقَدۡ جَآءَهُمۡ رَسُولٞ مِّنۡهُمۡ فَكَذَّبُوهُ فَأَخَذَهُمُ ٱلۡعَذَابُ وَهُمۡ ظَٰلِمُونَ ﴾
[النَّحل: 113]

ထို့ပြင် မလွဲဧကန်၊ သူတို့အနက်မှပင်ဖြစ်သော ရစူလ်တမန်တော်တစ်ပါးသည် သူတို့ထံသို့ ရောက်ရှိလာခဲ့ရာ သူတို့သည် သူ့ကို မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပြီး အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်လျက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသောကြောင့် သူတို့အား အရေးယူတော်မူခဲ့၏။

❮ Previous Next ❯

ترجمة: ولقد جاءهم رسول منهم فكذبوه فأخذهم العذاب وهم ظالمون, باللغة البورمية

﴿ولقد جاءهم رسول منهم فكذبوه فأخذهم العذاب وهم ظالمون﴾ [النَّحل: 113]

Ba Sein
၁၁၃။ အမှန်ဆိုသော် သူတို့အထဲ၌ မိမိတို့သားချင်းထဲမှ တမန်တော်တပါးပွင့်လာပြီ၊ သို့သော်သူတို့သည် တမန်တော် ကို မယုံကြည်ငြင်းပယ်ကြ၏။ ထို့ကြောင့်သူတို့သည် မကောင်းမှုပြုသူများဖြစ်နေစဉ် သူတို့အား အပြစ်ဘေး အန္တရာယ်က ဖမ်းဆီး၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး မလွဲဧကန် ၎င်းတို့ထံ ၎င်းတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးသည် ရောက်ရှိလာခဲ့လေသည်။သို့ရာတွင် ၎င်းတို့သည် ယင်းရစူလ် တမန်တော်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ပြစ်ဒဏ်သည် ၎င်းတို့အား ၎င်းတို့ မတရားသောသူများဖြစ်နေကြစဉ်ဖမ်းဆီး ကွပ်မျက်ခဲ့လေသည်။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် သူတို့ထံသို့ သူတို့ထဲမှပင် တမန်‌တော်တစ်ပါးသည် ‌ရောက်လာခဲ့သည်။ ထို့‌နောက် သူတို့သည် ထိုတမန်‌တော်ကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ပြစ်ဒဏ်သည် သူတို့ကို သူတို့မတရားသူများဖြစ်လျက်ရှိစဉ် ဖမ်းဆီးကွပ်မျက်ခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek