Quran with Burmese translation - Surah An-Nahl ayat 114 - النَّحل - Page - Juz 14
﴿فَكُلُواْ مِمَّا رَزَقَكُمُ ٱللَّهُ حَلَٰلٗا طَيِّبٗا وَٱشۡكُرُواْ نِعۡمَتَ ٱللَّهِ إِن كُنتُمۡ إِيَّاهُ تَعۡبُدُونَ ﴾
[النَّحل: 114]
﴿فكلوا مما رزقكم الله حلالا طيبا واشكروا نعمة الله إن كنتم إياه﴾ [النَّحل: 114]
Ba Sein ၁၁၄။ ထို့ကြောင့်သင်တို့သည် အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူသောတရားသော၊ သန့်ရှင်းသောအစာအာဟာရကို မှီဝဲစားသောက်ကြလော့။ သင်တို့သည် အရှင်မြတ်ကို ကိုးကွယ်ကြလျှင် အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်အနန္တ ကို ချီးကျူးကြလော့။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့အားအလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူသော အရာများအနက် သန့်ရှင်းစင်ကြယ်သော၊ စားသုံးခွင့် ပြုတော်မူသော၊အရာများကို စားသုံးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါလျှင် ထိုအရှင်မြတ်၏ကျေးဇူး တော်များနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ရှိကြလေကုန်။ |
Hashim Tin Myint သို့ဖြစ်ရာ အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ပေးသနားတော်မူသောအရာများထဲမှ သန့်ပြန့်သော စားပိုင်ခွင့်ပြုတော်မူသည့်အရာများကို စားသုံးကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြလျှင် အရှင်မြတ်၏ကျေးဇူးတော်များနှင့် ပတ်သက်၍ ကျေးဇူးတင်ကြပါ။ |