×

ဧကန်ပင်၊ (တမန်တော်) အီဗ်ရာဟီမ်းသည် လူ့ဘောင်အသိုင်းအဝိုင်းအတွက် ရပ်တည် (၍အလွန် အတု ယူထိုက်) သောရှေ့ဆောင်တစ်ဦး အလ္လာဟ်အရှင်မြတ် (၏ အမိန့်တော်များကို 16:120 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:120) ayat 120 in Burmese

16:120 Surah An-Nahl ayat 120 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 120 - النَّحل - Page - Juz 14

﴿إِنَّ إِبۡرَٰهِيمَ كَانَ أُمَّةٗ قَانِتٗا لِّلَّهِ حَنِيفٗا وَلَمۡ يَكُ مِنَ ٱلۡمُشۡرِكِينَ ﴾
[النَّحل: 120]

ဧကန်ပင်၊ (တမန်တော်) အီဗ်ရာဟီမ်းသည် လူ့ဘောင်အသိုင်းအဝိုင်းအတွက် ရပ်တည် (၍အလွန် အတု ယူထိုက်) သောရှေ့ဆောင်တစ်ဦး အလ္လာဟ်အရှင်မြတ် (၏ အမိန့်တော်များကို တစ်သွေမတိမ်း လိုက် နာ၍ နာခံမှု အပြည့်အဝရှိသော) ဖြောင့်မတ်တည်ကြည်သူတစ်ဦးပင် ဖြစ်ခဲ့သည့်အပြင် သူသည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်၍ အခြားသောအရားများကို ကိုးကွယ်သူတို့အနက်မှ အလျှင်း မဖြစ်ခဲ့ချေ။

❮ Previous Next ❯

ترجمة: إن إبراهيم كان أمة قانتا لله حنيفا ولم يك من المشركين, باللغة البورمية

﴿إن إبراهيم كان أمة قانتا لله حنيفا ولم يك من المشركين﴾ [النَّحل: 120]

Ba Sein
၁၂ဝ။ မှတ်သားကြလော့။ တမန်တော်အေဗရာဟမ်သည် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတော်ကို ဦးထိပ်ထက်တင် ရွက်ဆောင်လိုက်နာ၍ ဇာတိပကတိအားဖြင့် ဖြောင့်မှန်၏။ သူသည် ဆင်းတုရုပ်ပွားကို ကိုးကွယ်သူတို့ဘောင်တွင် မပါဝင်ချေ။
Ghazi Mohammad Hashim
မချွတ်မလွဲ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်အလွန်အတုယူထိုက်သောရှေ့ဆောင်ရှေ့ရပ်၊ အလ္လာဟ် အရှင်မြတ်(၏အမိန့်တော်များ)ကို (တစ်သဝေမတိမ်း) လိုက်နာသူ၊တစ်စိတ်တစ်လက်တည်း ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့ လေသည်။ ထို့ပြင် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မုရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့အနက်မှ မဖြစ်ခဲ့ချေ။
Hashim Tin Myint
အမှန်စင်စစ် (တမန်‌တော်)အိဗ်ရာဟီမ်သည် အလွန်အတုယူထိုက်‌သော‌ရှေ့‌ဆောင်၊ အလ္လာဟ်အရှင်မြတ်(၏ အမိန့်‌တော်များ)ကို လိုက်နာသူ၊ တစ်စိတ်တစ်လက်တည်း ‌ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့သည်။ ထို့ပြင် ၎င်းသည် မုရှ်ရိက်များထဲမှ မဟုတ်ခဲ့‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek