×

ထို့နောက် ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့ “(တမန်တော်) အီဗ်ရာဟီမ်း၏လမ်းစဥ်သော (မယုံကြည်မှုနှင့်အယောင်ဆောင်မှု လုံးဝ ကင်းရှင်း၍ သန့်စင်သော) တည်ကြည်ဖြောင့်မတ်သည့် 16:123 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:123) ayat 123 in Burmese

16:123 Surah An-Nahl ayat 123 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 123 - النَّحل - Page - Juz 14

﴿ثُمَّ أَوۡحَيۡنَآ إِلَيۡكَ أَنِ ٱتَّبِعۡ مِلَّةَ إِبۡرَٰهِيمَ حَنِيفٗاۖ وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ ﴾
[النَّحل: 123]

ထို့နောက် ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့ “(တမန်တော်) အီဗ်ရာဟီမ်း၏လမ်းစဥ်သော (မယုံကြည်မှုနှင့်အယောင်ဆောင်မှု လုံးဝ ကင်းရှင်း၍ သန့်စင်သော) တည်ကြည်ဖြောင့်မတ်သည့် လမ်း စဉ်အတိုင်း လိုက်နာလော့။” ဟု ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချတော်မူ၏။ ထို့ပြင် (တမန်တော်) အီဗ်ရာဟီမ်းသည် အရှင် မြတ်နှင့် တွဲဖက်နှိုင်းယှဉ်၍ အခြားသောအရာများကို ကိုးကွယ်သူတို့ အနက်မှလည်း အလျှင်း မဖြစ်ခဲ့ချေ။

❮ Previous Next ❯

ترجمة: ثم أوحينا إليك أن اتبع ملة إبراهيم حنيفا وما كان من المشركين, باللغة البورمية

﴿ثم أوحينا إليك أن اتبع ملة إبراهيم حنيفا وما كان من المشركين﴾ [النَّحل: 123]

Ba Sein
၁၂၃။ ထို့နောက်ငါသည် သင်မိုဟမ္မဒ်၏ စိတ်နှလုံးတွင် ထင်ရှားစေသောဗျာဒိတ်တော်မူကား မိုဟမ္မဒ် သင်သည် ဖြောင့်မတ်မှန်ကန်သောပင်ကိုယ်ဓာတ်ခံရှိသူတယောက်ဖြစ်သည့်အတိုင်း တမန်တော်အေဗရာဟမ်၏ ဘာသာ အယူဝါဒကို ယုံကြည်လိုက်နာလော့။ သူသည် ရုပ်တုဆင်းပွားကို ဝတ်ပြုသူတို့ဘောင်တွင် မပါဝင်ချေ။
Ghazi Mohammad Hashim
ထို့နောက် ငါအရှင်မြတ်သည် အသင်တို့၏ထံသို့ (နဗီတမန်တော်)အီဗ်ရာဟီမ်၏ လမ်းစဉ်ကို လိုက်နာပါလေဟု အမိန့်တော် ချမှတ်တော်မူခဲ့လေသည်။ (အမှန်စင်စစ်ယင်းနဗီတမန်တော် အီဗ်ရာဟီမ်သည်) ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့၏။ ၎င်းပြင် မုရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သူတို့ အနက်မှလည်းမဖြစ်ခဲ့ချေ။
Hashim Tin Myint
ထို့‌နောက် ငါအရှင်မြတ်သည် အသင့်ထံသို့ ‌ဖြောင့်မတ်တည်ကြည်‌သော (တမန်‌တော်)အိဗ်ရာဟီမ်၏လမ်းစဉ်ကို လိုက်နာပါဟု အမိန့်ချမှတ်‌တော်မူခဲ့သည်။ ၎င်း‌နောက် ၎င်းသည် မုရှ်ရိက်များထဲမှ မဖြစ်ခဲ့‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek