Quran with Burmese translation - Surah An-Nahl ayat 122 - النَّحل - Page - Juz 14
﴿وَءَاتَيۡنَٰهُ فِي ٱلدُّنۡيَا حَسَنَةٗۖ وَإِنَّهُۥ فِي ٱلۡأٓخِرَةِ لَمِنَ ٱلصَّٰلِحِينَ ﴾
[النَّحل: 122]
﴿وآتيناه في الدنيا حسنة وإنه في الآخرة لمن الصالحين﴾ [النَّحل: 122]
Ba Sein ၁၂၂။ ထို့အပြင်ငါအရှင်မြတ်သည် သူ့အား ဤဘဝ၌ ကောင်းကြီးမင်္ဂလာပြုတော်မူ၍ နောင်တမလွန်ဘဝ၌ သူသည် အရှင်မြတ်နှင့် တရားတော်ကို ကြည်ညိုသောသူတော်စင်တို့ဘောင်တွင် ပါဝင်၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်အား ဤမျက်မှောက်လောက၌လည်း၊ကောင်းမြတ်ခြင်းကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၎င်းပြင်ဧကန်စင်စစ် ယင်း(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည်တမလွန်ဘဝ၌လည်း အမှန်ပင် သူတော်စင်တို့အနက်မှဖြစ်အံ့သတည်း။ပြန်ထမည့်နေ့တွင် ၎င်းတို့သဘောကွဲလွဲလျက်ရှိခဲ့ကြသောအရာနှင့်စပ်လျဉ်း၍ အမှန်ပင် စီရင်ဆုံးဖြတ်တော်မူအံ့သတည်း။ |
Hashim Tin Myint ၎င်းနောက် ငါအရှင်မြတ်သည် ၎င်းအား ဤဘဝတွင်လည်း ကောင်းမြတ်သည်များကို ပေးသနားတော်မူခဲ့သည်။ ထို့ပြင် ၎င်းသည် တမလွန်ဘဝတွင်လည်း အမှန်ပင် ကောင်းမြတ်သောသူများထဲမှ ဖြစ်လိမ့်မည်။ |