Quran with Burmese translation - Surah An-Nahl ayat 13 - النَّحل - Page - Juz 14
﴿وَمَا ذَرَأَ لَكُمۡ فِي ٱلۡأَرۡضِ مُخۡتَلِفًا أَلۡوَٰنُهُۥٓۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَذَّكَّرُونَ ﴾
[النَّحل: 13]
﴿وما ذرأ لكم في الأرض مختلفا ألوانه إن في ذلك لآية لقوم﴾ [النَّحل: 13]
Ba Sein ၁၃။ ထို့အပြင်အရှင်မြတ်သည် သင်တို့အဖို့အရာ ကမ္ဘာမြေပေါ်တွင် ခပ်သိမ်းကုန်သောအရာတို့ကို ဖန်ဆင်းထားတော် မူ၏။ ထိုအရာများသည် အဆင်း၊ အရောင်ကွဲပြားကြ၏။ အထူးထူးအခြားခြားဖြစ်ကြ၏။ မှတ်သားကြလော့။ ဤအဖြစ်အပျက်၌ ဂရုစိုက်ရသူတို့အဖို့ သာဓကတော်တစ်ပါးအမှန်ပင်ပါရှိ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ ပထဝီမြေ၌ ဖန်ဆင်းထားတော်မူသော အရာများကိုလည်း(အမိန့်ကိုလိုက်နာစေတော်မူခဲ့လေသည်။) ထိုအရာဝတ္ထုများ၏ အသွေးအရောင် (မျိုး၊မည်၊ ရသာ ရနံ့စသည်တို့မှာတစ်ခုနှင့်တစ်ခု မတူ) ကွဲပြားခြားနားလျက်ပင် ရှိကြပေသည်။မုချဧကန်ဤသည်၌ တရားကျကြသူတို့အဖို့ အမှန်ပင် သက်သေသာဓကသည် ရှိချေသတည်း။ |
Hashim Tin Myint ထို့ပြင် အရှင်မြတ်သည် အသင်တို့အကျိုးအတွက် မြေပထဝီတွင် ဖန်ဆင်းထားတော်မူသောအရာများအားလည်း (အမိန့်ကို လိုက်နာစေတော်မူခဲ့သည်)။ ထိုအရာများ၏ အသွေးအရောင်များသည် ကွဲပြားခြားနားနေကြသည်။ အမှန်စင်စစ် ထိုအထဲ၌ တရားရသူများအတွက် အမှန်ပင် သက်သေလက္ခဏာရှိသည်။ |