Quran with Burmese translation - Surah An-Nahl ayat 14 - النَّحل - Page - Juz 14
﴿وَهُوَ ٱلَّذِي سَخَّرَ ٱلۡبَحۡرَ لِتَأۡكُلُواْ مِنۡهُ لَحۡمٗا طَرِيّٗا وَتَسۡتَخۡرِجُواْ مِنۡهُ حِلۡيَةٗ تَلۡبَسُونَهَاۖ وَتَرَى ٱلۡفُلۡكَ مَوَاخِرَ فِيهِ وَلِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ ﴾
[النَّحل: 14]
﴿وهو الذي سخر البحر لتأكلوا منه لحما طريا وتستخرجوا منه حلية تلبسونها﴾ [النَّحل: 14]
Ba Sein ၁၄။ ထို့အပြင်အရှင်မြတ်သည် ပင်လယ်သမုဒ္ဒရာကို သင်တို့အဖို့အရာ အကျိုးဖြစ်ထွန်းစေတော်မူ၏။ ထိုပင်လယ် သမုဒ္ဒရာမှ သင်တို့စားဖို့ရာ လတ်ဆတ်သောအသားကို ရရှိ၏။ ထို့အပြင်ပုလဲစသည့်ဆင်မြန်းဖွယ်ရာများကိုလည်း ရရှိ၏။ ထို့အပြင်သင်သည် လှေသင်္ဘောများကို ပင်လယ်သမုဒ္ဒရာကို ဖြတ်သန်းသွားလာသည်ကို မြင်ရ၏။ ယင်းသို့သွားလာခြင်းမှာ သင်လူသားတို့သည် အရှင်မြတ်၏ ကျေးဇူးတော်ကို ရှာမှီးဖို့ရာလည်းဖြစ်၏။ ဂုဏ်ကျေးဇူး တော်ကို ချီးကျူးကောင်းချီးကျူးဖို့ရာလည်းဖြစ်၏။ |
Ghazi Mohammad Hashim စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အကြင်ရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် ပင်လယ်သမုဒ္ဒရာကို အသင်တို့သည် ထိုပင်လယ် သမုဒ္ဒရာမှ လတ်ဆတ်သောအသားကိုစားသုံးကြအံ့ သောငှာလည်းကောင်း၊ အသင်တို့သည် ထိုပင်လယ် သမုဒ္ဒရာမှ မိမိတို့ဆင်ယင်ကြကုန်သောလက်ဝတ်လက်စားတန်ဆာများကို ထုတ်ယူ(ဆင်ယင်သုံးစွဲ) ကြအံ့သောငှာလည်းကောင်း၊ နိုင်နင်းစေတော်မူခဲ့၏။ ၎င်းအပြင်အသင်သည် သင်္ဘောများကို ထိုပင်လယ်သမုဒ္ဒရာ၌ ရေကိုခွဲ၍သွားလာလျက်ရှိကြသည်ကို တွေ့မြင်ရလေသည်။ ထိုမှတပါးအသင်တို့သည် (ပင်လယ်ခရီးဖြင့် ကူးလူးဆက်ဆံသွားလာခြင်းအားဖြင့်) ထိုအရှင်မြတ်၏ကျေးဇူးတော်(တည်းဟူသော စီးပွားဥစ္စာ)ကို ရှာဖွေကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏) ကျေးဇူးတော်များကို သိတတ်ကြအံ့သောငှာလည်းကောင်း၊ (ထိုပင်လယ်သမုဒ္ဒရာကို နိုင်နင်းစေတော်မူခဲ့ပေသည်)။ |
Hashim Tin Myint ထို့ပြင် အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် ပင်လယ်အား အမိန့်နာခံစေတော်မူခဲ့သည်။ (အကြောင်းမှာ) အသင်တို့သည် ထိုပင်လယ်ထဲမှ လတ်ဆတ်သောအသားကို စားသုံးကြရန်အတွက်နှင့် အသင်တို့သည် ထိုပင်လယ်ထဲမှ မိမိတို့ ဆင်ယင်ကြသောလက်ဝတ်ရတနာများကို ထုတ်ယူကြရန်အတွက်ဖြစ်သည်။ ထို့ပြင် အသင်သည် သဘေင်္ာများအား ပင်လယ်ထဲ၌ ရေကိုခွဲပြီးသွားလာနေကြသည်ကို တွေ့မြင်ရသည်။ ထို့ပြင် အသင်တို့သည် (ရေကြောင်းဖြင့် သွားလာခြင်းအားဖြင့်) အရှင်မြတ်၏ကျေးဇူးတော်(ပစ္စည်းဥစ္စာ)ကို ရှာဖွေကြရန်အတွက်နှင့် အသင်တို့သည် ကျေးဇူးတော်များကို သိတတ်ကြရန်အတွက် (အရှင်မြတ်သည် ပင်လယ်အား အမိန့်နာခံစေေတော်မူခဲ့ခြင်းဖြစ်သည်)။ |