×

ထို့ပြင် ထိုအရှင်မြတ်သည် မြေကမ္ဘာ၌ (သင်တို့က အသက်မွေးဝမ်းကျောင်းမှုအတွက် ရုန်းကန်လှုပ်ရှားရာတွင် တည်ငြိမ်မှုရှိစေလျှက်) ယင်းနှင့်အတူလည်ပတ်စေတော်မူရန် တောင်များကို (ကျောက်ဆူးများပမာ) ချထားတော်မူသည့်အပြင် အသင်တို့ 16:15 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:15) ayat 15 in Burmese

16:15 Surah An-Nahl ayat 15 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 15 - النَّحل - Page - Juz 14

﴿وَأَلۡقَىٰ فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِكُمۡ وَأَنۡهَٰرٗا وَسُبُلٗا لَّعَلَّكُمۡ تَهۡتَدُونَ ﴾
[النَّحل: 15]

ထို့ပြင် ထိုအရှင်မြတ်သည် မြေကမ္ဘာ၌ (သင်တို့က အသက်မွေးဝမ်းကျောင်းမှုအတွက် ရုန်းကန်လှုပ်ရှားရာတွင် တည်ငြိမ်မှုရှိစေလျှက်) ယင်းနှင့်အတူလည်ပတ်စေတော်မူရန် တောင်များကို (ကျောက်ဆူးများပမာ) ချထားတော်မူသည့်အပြင် အသင်တို့ လမ်းညွှန်မှန်ရစေတော်မူရန်အလို့ငှာ မြစ်ချောင်းအင်းအိုင်များနှင့်လမ်းကြောင်းများကိုလည်း အခိုင်အမာ ဖြစ်တည်ပေါ်ပေါက်စေတော်မူ၏။

❮ Previous Next ❯

ترجمة: وألقى في الأرض رواسي أن تميد بكم وأنهارا وسبلا لعلكم تهتدون, باللغة البورمية

﴿وألقى في الأرض رواسي أن تميد بكم وأنهارا وسبلا لعلكم تهتدون﴾ [النَّحل: 15]

Ba Sein
၁၅။ ထို့အပြင်အရှင်မြတ်သည် သင်တို့လှုပ်ရှားသောအခါ ကမ္ဘာမြေကြီးမလှုပ်ရှား*****သွားလာဖို့ရာ လမ်းတွေ့ နိုင်ရန် မြစ်ကြီး၊မြစ်ငယ်၊လမ်းကြီး၊လမ်းငယ်အသွယ်သွယ်ကို ဖန်ဆင်းထားတော်မူ၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ပထဝီမြေ၌၊ထိုပထဝီမြေသည် အသင်တို့နှင့်တကွ လှုပ်ရှား(ယိမ်း ယိုင်)ခြင်းမပြုရန်၊(ကျောက်ဆူးများကို)တောင်များကို ချထားတော်မူခဲ့လေသည်။ ထို့ပြင် အသင်တို့ လမ်းရှာ၍တွေ့အံ့သောငှာ မြစ်ချောင်းများကို လည်းကောင်း၊ (ပြုလုပ်တော်မူခဲ့လေသည်)။
Hashim Tin Myint
ထို့ပြင် အရှင်မြတ်သည် ‌မြေပထဝီတွင် ထို‌မြေပထဝီသည် အသင်တို့နှင့်တကွ လှုပ်ရှား(ယိမ်းယိုင်)မှု မပြုရန်အတွက် ‌တောင်များကို(‌ကျောက်ဆူးများအဖြစ်)ချထား‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့ (‌သောက်သုံးနိုင်ကြရန်)မြစ်‌ချောင်းများနှင့် (ခရီးပန်းတိုင်ကို)လမ်းတည့်တည့်မတ်မတ်‌ရောက်နိုင်‌အောင် လမ်းများကိုလည်း(ပြုလုပ်‌တော်မူခဲ့သည်)။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek