Quran with Burmese translation - Surah An-Nahl ayat 36 - النَّحل - Page - Juz 14
﴿وَلَقَدۡ بَعَثۡنَا فِي كُلِّ أُمَّةٖ رَّسُولًا أَنِ ٱعۡبُدُواْ ٱللَّهَ وَٱجۡتَنِبُواْ ٱلطَّٰغُوتَۖ فَمِنۡهُم مَّنۡ هَدَى ٱللَّهُ وَمِنۡهُم مَّنۡ حَقَّتۡ عَلَيۡهِ ٱلضَّلَٰلَةُۚ فَسِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ ﴾
[النَّحل: 36]
﴿ولقد بعثنا في كل أمة رسولا أن اعبدوا الله واجتنبوا الطاغوت فمنهم﴾ [النَّحل: 36]
Ba Sein ၃၆။ အမှန်မှာ ငါသည် လူမျိုးတိုင်းထံသို့ တမန်တော်တစ်ပါးစီစေလွှတ်တော်မူပြီး၊ ထိုတမန်တော်က အလ္လာဟ်အရှင် မြတ်အား ကိုးကွယ်ကြလော့။ ဘုရားတုများကို ရှောင်ရှားကြလော့ဟု ဟောကြားသွန်သင်ကြ၏။ ထို့နောက်အချို့ သောလူသားတို့ကို အရှင်မြတ်သည် လမ်းတော်ကို ပြသတော်မူ၏။ အချို့သောလူသားတို့ကို မှားယွင်းမှုက ဖမ်းဆီးထားကြ၏။ မဟာပထဝီမြေပြင်ပေါ်ဝယ် ခရီးသွားလာ၍၊ မယုံကြည်သူတို့၏ အကျိုးဆက် ဘာဖြစ်သည်ကို ကြည့်ရှုကြလော့။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာ များကို စွန့်လွှတ်ပယ်ရှား၍(တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု (ဟောကြားစေတော်မူခဲ့လေသည်)။ သို့ရာတွင် ၎င်းတို့တွင် အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ကို ပြတော်မူသောသူများလည်းရှိခဲ့ကြ၏။ ထိုနည်းတူစွာ ၎င်းတို့တွင် အကြင်သူများလည်းရှိခဲ့ကြ၏။ ထိုသူတို့အပေါ်၌ လမ်းမှားခြင်းသည် အတည်ဖြစ်ခဲ့၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကမ္ဘာမြေဝယ်လှည့်လည်၍ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သူတို့၏ နောက်ဆုံးအခြေသည် မည်သို့ ဖြစ်ခဲ့သည်ကိုကြည့်ရှုလေ့လာကြလေကုန်။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် တမန်တော်တစ်ပါးကို စေလွှတ်တော်မူ၍ အသင်တို့သည် အခြားကိုးကွယ်ရာများအား စွန့်လွှတ်ဖယ်ရှားပြီးနောက် အလ္လာဟ်အရှင်မြတ်(တစ်ပါးတည်း)ကိုသာ ကိုးကွယ်ကြပါဟု (ဟောကြားစေတော်မူခဲ့သည်)။ ထို့နောက် သူတို့ထဲ၍ အလ္လာဟ်အရှင်မြတ်က လမ်းမှန်ညွှန်ကြားပြသတော်မူလိုက်သောသူများလည်းရှိခဲ့ကြသည်။ ၎င်းနောက် သူတို့ထဲ၌ အကြင်သူများလည်းရှိသည်၊ ထိုသူ၏အပေါ်တွင် လမ်းလွဲမှုသည် အတည်ဖြစ်ခဲ့သည်။* သို့ဖြစ်ရာ အသင်တို့သည် ကမာ္ဘမြေတွင် လှည့်လည်ပြီး ငြင်းပယ်သူများ၏နောက်ဆုံးအခြေအနေသည် မည်သို့ဖြစ်ခဲ့သည်ကို ကြည့်ရှုလေ့လာကြပါ။ |