Quran with Burmese translation - Surah An-Nahl ayat 37 - النَّحل - Page - Juz 14
﴿إِن تَحۡرِصۡ عَلَىٰ هُدَىٰهُمۡ فَإِنَّ ٱللَّهَ لَا يَهۡدِي مَن يُضِلُّۖ وَمَا لَهُم مِّن نَّٰصِرِينَ ﴾
[النَّحل: 37]
﴿إن تحرص على هداهم فإن الله لا يهدي من يضل وما لهم﴾ [النَّحل: 37]
Ba Sein ၃၇။ မိုဟမ္မဒ်၊ အကယ်၍ သင်သည် သူတို့အတွက် လမ်းမှန်ညွှန်ခြင်းကို လိုသော်လည်း၊ အလ္လာဟ်အရှင်မြတ်သည် လမ်းမှားသို့ ဖျားယောင်းသူအား မုချလမ်းပြတော်မမည်မဟုတ်ချေ။ ဤသူတို့၌ ကူညီစောင်မသူများမရှိချေ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့တရားလမ်းမှန် ရရှိရေးအလို့ငှာ မည်မျှပင်အာသာရမ္မက် ပြင်းပြသော်လည်း ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိလမ်းလွဲစေတော်မူသောသူအား လမ်းမှန်ကိုပြတော်မူသည် မဟုတ်ပေ။ထိုမှတပါး ၎င်းတို့၏ ကူညီစောင့်မမည့်သူများဟူ၍လည်းအလျှင်း ရှိကြလိမ့်မည်မဟုတ်ပေ။ |
Hashim Tin Myint အကယ်၍ အသင်သည် သူတို့ လမ်းမှန်ရရန် မည်မျှပင် လိုလားသည်ဖြစ်ပါစေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ဆိုးသွမ်းခေါင်းမာနေမှုကြောင့်)လမ်းမှားထဲ၌ပင် ထားတော်မူလိုက်သောသူကို လမ်းမှန် ညွှန်ကြားပြသတော့မည် မဟုတ်ပေ။ ထို့ပြင် သူတို့အတွက် ကူညီမည့်သူလည်း ရှိတော့မည် မဟုတ်ပေ။ |