Quran with Burmese translation - Surah An-Nahl ayat 73 - النَّحل - Page - Juz 14
﴿وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَمۡلِكُ لَهُمۡ رِزۡقٗا مِّنَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ شَيۡـٔٗا وَلَا يَسۡتَطِيعُونَ ﴾
[النَّحل: 73]
﴿ويعبدون من دون الله ما لا يملك لهم رزقا من السموات والأرض﴾ [النَّحل: 73]
Ba Sein ၇၃။ ထို့အပြင် သူတို့သည် အလ္လာဟ်မှတပါး မိမိတို့အတွက် မိုးကောင်းကင်မှသော်လည်းကောင်း၊ ကမ္ဘာမြေကြီး မှသော်လည်းကောင်း၊ အစားအစာတစုံတခုမျှ မပေးနိုင်သောအရာများကို ကိုးကွယ်ကြ၏။ သူတို့ကိုးကွယ်သော ဘုရားတုများ၌ တန်ခိုးအာဏာတစုံတရာမျှမရှိချေ။ |
Ghazi Mohammad Hashim ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အကြင်ကဲ့သို့သောအရာများကို ဆည်းကပ်ကိုးကွယ်ကြမည်။အရာများသည် ၎င်းတို့အား မိုးကောင်းကင်များမှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ ရိက္ခာပို့ဆောင်ခြင်းတစ်စုံတစ်ရာကိုမျှပြုနိုင်ခွင့်လည်းမရှိချေ။ ပြုနိုင်စွမ်းလည်းမရှိကြချေ။ |
Hashim Tin Myint ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အကြင်အရာများကို ဆည်းကပ်ကိုးကွယ်ကြသည်။ ထိုအရာများသည် သူတို့အတွက် မိုးကောင်းကင်များနှင့် မြေပထဝီမှ မည်သည့်ရိက္ခာမျှ ပေးနိုင်ကြသည်မဟုတ်ပေ။ ၎င်းနောက် မည်သည့်အရာမျှလည်း မတတ်စွမ်းနိုင်ကြပေ။ |