Quran with Burmese translation - Surah An-Nahl ayat 74 - النَّحل - Page - Juz 14
﴿فَلَا تَضۡرِبُواْ لِلَّهِ ٱلۡأَمۡثَالَۚ إِنَّ ٱللَّهَ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ ﴾
[النَّحل: 74]
﴿فلا تضربوا لله الأمثال إن الله يعلم وأنتم لا تعلمون﴾ [النَّحل: 74]
Ba Sein ၇၄။ သို့အတွက် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်နှိုင်းယှဉ်ခြင်းကို မပြုကြလင့်။ မှတ်သားကြလော့။ အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို သိတော်မူ၏။ သင်တို့ကား မသိကြချေ။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ဥပမာ ပုံဆောင်ချက်များကို မခိုင်းနှိုင်းကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင် မြတ်သည် သိတော်မူ၏။ သို့ရာတွင် အသင်တို့မူကား မသိကြချေ။ |
Hashim Tin Myint သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ပုံပမာများ မခိုင်းနှိုင်းကြနှင့်။ အမှန်မှာ အလ္လာဟ်အရှင်မြတ်ပင် သိရှိတော်မူသည်။ ထို့ပြင် အသင်တို့မှာမူ မသိရှိကြပေ။ |