×

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ် စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ 16:72 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:72) ayat 72 in Burmese

16:72 Surah An-Nahl ayat 72 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 72 - النَّحل - Page - Juz 14

﴿وَٱللَّهُ جَعَلَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجٗا وَجَعَلَ لَكُم مِّنۡ أَزۡوَٰجِكُم بَنِينَ وَحَفَدَةٗ وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِۚ أَفَبِٱلۡبَٰطِلِ يُؤۡمِنُونَ وَبِنِعۡمَتِ ٱللَّهِ هُمۡ يَكۡفُرُونَ ﴾
[النَّحل: 72]

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ် စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်များ အနက်မှပင် သင်တို့အတွက် ဘဝဖော်များကို ဖြစ်ပေါ်စေတော်မူပြီ ထိုဘဝဖော်များမှ သင်တို့၏သာသမီးများနှင့်မြေးမြစ်များကို ထွန်းကားဖြစ်ပေါ်စေရုံသာမက သန့်ရှင်းစင်ကြယ်၍ကောင်းမွန်သောအရာများအနက်မှ (တရားတော်နှင့် အညီ) စားနပ်ရိက္ခာနှင့်အခြားလိုလပ်ချက်များကို တရားဝင်ခွင့်ပြုထောက်ပံ့တော်မူ၏။ သို့ပါလျက် သူတို့သည် အချည်းအနှီးသောမိစ္ဆာတရားကို သက်ဝင်ယုံကြည်၍ အလ္လာဟ်အရှင်မြတ်၏ (ကျမ်းတော်၊ လမ်းညွှန်တော်နှင့် သိက္ခာပေးမှုအစရှိသော) ကျေးဇူးတော်များကို ငြင်းပယ် နိုင်ကြမည်လော။

❮ Previous Next ❯

ترجمة: والله جعل لكم من أنفسكم أزواجا وجعل لكم من أزواجكم بنين وحفدة, باللغة البورمية

﴿والله جعل لكم من أنفسكم أزواجا وجعل لكم من أزواجكم بنين وحفدة﴾ [النَّحل: 72]

Ba Sein
၇၂။ တဖန် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့အထဲမှာ ဇနီးမိန်းမများကို ပေးသနားတော်မူ၏။ ထိုမိန်းမ များမှ သားသမီးမြေးမြစ်များကို ဖန်ဆင်းတော်မူ၏။ သင်တို့အား မွန်မြတ်သောဥစ္စာပစ္စည်းအစားအစာများကို လည်း ပေးသနားတော်မူ၏။ သို့ပါလျက် သူတို့သည် ဝါကြွားခြင်း၊ မာနကြီးခြင်းများကို ယုံကြည်ကြသလော။ အလ္လာဟ်အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ကို မယုံကြည်ကြသလော။
Ghazi Mohammad Hashim
ထိုမှတပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့ (အမျိုးအစားထဲ)မှပင် ဇနီးကြင်ရာ များကိုပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်အသင်တို့အဖို့ အသင်တို့၏ ဇနီး ကြင်ရာများမှ သား၊ မြေးတို့ကိုပြုလုပ်(ထွန်းကား) စေတော်မူခဲ့လေသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ စားသုံးကြရန် ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ သို့ပါလျက် ၎င်းတို့သည် အချည်းအနှီးသောအရာကို သက်ဝင်ယုံကြည်၍အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ငြင်းပယ်လျက်ရှိနေကြမည်လော။
Hashim Tin Myint
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့ထဲမှပင် ဇနီးကြင်ရာများကို ပြုလုပ်‌တော်မူခဲ့သည်။* ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏ဇနီးကြင်ရာများမှ သား၊ ‌မြေးများကို ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့စားသုံးကြရန်အတွက် ‌ကောင်းမွန်‌သောအရာများကို ‌ပေးသနား‌တော်မူခဲ့သည်။ သို့ပါလျက် သူတို့သည် အ‌ခြေအမြစ်မရှိသည့်အရာအ‌ပေါ်တွင် ယုံကြည်၍ အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်များကို ငြင်းပယ်‌နေကြမည်‌လော။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek