×

ထို့ပြင် သင်တို့သည် ချည်မျှင်များကို ကောင်းမွန်စွာ ချည်ငင်၍ (ကြိုးအဖြစ် အခိုင်အမာ ကျစ်ခဲ့ပြီးနောက် သူမ၏အဆိုပါ လုံလစိုက်မှုကို သူမကိုယ်တိုင် သစ္စာဖောက်လျှက် 16:92 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:92) ayat 92 in Burmese

16:92 Surah An-Nahl ayat 92 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 92 - النَّحل - Page - Juz 14

﴿وَلَا تَكُونُواْ كَٱلَّتِي نَقَضَتۡ غَزۡلَهَا مِنۢ بَعۡدِ قُوَّةٍ أَنكَٰثٗا تَتَّخِذُونَ أَيۡمَٰنَكُمۡ دَخَلَۢا بَيۡنَكُمۡ أَن تَكُونَ أُمَّةٌ هِيَ أَرۡبَىٰ مِنۡ أُمَّةٍۚ إِنَّمَا يَبۡلُوكُمُ ٱللَّهُ بِهِۦۚ وَلَيُبَيِّنَنَّ لَكُمۡ يَوۡمَ ٱلۡقِيَٰمَةِ مَا كُنتُمۡ فِيهِ تَخۡتَلِفُونَ ﴾
[النَّحل: 92]

ထို့ပြင် သင်တို့သည် ချည်မျှင်များကို ကောင်းမွန်စွာ ချည်ငင်၍ (ကြိုးအဖြစ် အခိုင်အမာ ကျစ်ခဲ့ပြီးနောက် သူမ၏အဆိုပါ လုံလစိုက်မှုကို သူမကိုယ်တိုင် သစ္စာဖောက်လျှက် ချည်မျှင်အနေအထားသို့ ပြန်ရောက်စေရန်) အပိုင်းပိုင်းဖျက်ဆီးခဲ့သူကဲ့သို့ လူ့ဘောင်အသိုင်းအဝိုင်းတစ်ခုက အခြားလူ့ဘောင်အသိုင်းအဝိုင်းထက် (ဩဇာအာ ဏာနှင့်စည်းစိမ်ချမ်းသာ) ပိုမို၍ တိုးတက်ကြီးပွားလာရန်အလို့ငှာ သင်တို့အချင်းချင်းကြားတွင် သင်တို့၏ကတိ ကဝတ်နှင့်ကျိန်ဆိုမှုများအား လိမ်လည်လှည့်ဖြားလိုသောဆန္ဒဖြင့် သဘောတူဝန်ခံ၍ သစ္စာမဆိုကြလေနှင့်။ စင်စစ်မူကား၊ အလ္လာဟ်အရှင်မြတ်သည် ထို (ဩဇာအာဏာ နှင့်စည်းစိမ်ချမ်းသာ) ဖြင့် သင်တို့အား စမ်းသပ် တော်မူခြင်းမျှသာ ဖြစ်၏။ ထို့ပြင် ထိုအရှင်မြတ်သည် (နောင်တမလွန်ဘဝ) ရှင်ပြန်ထမြောက်မည့်နေ့တွင် အသင်တို့ (အနက် မည်သူက သစ္စာရှိပြီး မည်သူက သစ္စာဖောက်ခဲ့သည်ကို ငြင်းခုံလျှက်) သဘောထားကွဲလွဲ နေကြသည်ကို သင်တိုအား အမှန်ပင် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစွာ ရှင်းလင်းစေတော်မူမည်။

❮ Previous Next ❯

ترجمة: ولا تكونوا كالتي نقضت غزلها من بعد قوة أنكاثا تتخذون أيمانكم دخلا, باللغة البورمية

﴿ولا تكونوا كالتي نقضت غزلها من بعد قوة أنكاثا تتخذون أيمانكم دخلا﴾ [النَّحل: 92]

Ba Sein
၉၂။ သင်တို့သည် ကတိသစ္စာအခိုင်အမာထားကြပြီးနောက် ဝါချည်ငင်သောမိန်းမကဲ့သို့ မဖြစ်စေလင့်။ ထိုမိန်းမသည် ဝါချည်ကို ခိုင်မာသောချည်မျှင်ဖြစ်အောင် ဝင်ပြီးသည်နှင့်တပြိုင်နက် သေးသွယ်သောချည်မျှင်များဖြစ်အောင် ပြန်ဖျက်၏။ ထိုနည်းတူလူမျိုးတမျိုးက အခြားတမျိုးထက် လူဦးရေများပြားသဖြင့် မိမိတို့အချင်းချင်းထားကြပြီး သောကတိသစ္စာများကို မတည် လိမ်လည်ကြ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့ကျိန်ဆိုသော ကတိသစ္စာအားဖြင့် စုံစမ်းတော်မူ၏။ အကယ်စင်စစ်အရှင်မြတ်သည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သင်တို့အချင်းချင်းကွဲပြားချက်ကို ပြတော်မူလိမ့်မည်။
Ghazi Mohammad Hashim
ထိုမှတစ်ပါး အသင်တို့သည် အုပ်စုတစ်စုထက်အုပ်စုတစ်စုက ပိုမို၍တိုးတက်ကြီးပွားလာရန် မိမိတို့၏ ကျိန်ဆိုချက်များကို မိမိတို့အချင်းချင်းတွင် ပရိယာယ်ဝေဝုစ် ပြုလုပ်ခြင်းအားဖြင့် အသင်တို့သည် မိမိချည်မျှင်များကို ကောင်းမွန်ခိုင်ခံ့စွာငင်ပြီးနောက် အပိုင်းပိုင်း ဖျက်ဆီးခဲ့သော မိန်းမကဲ့သို့မဖြစ်ကြကုန်လင့်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည်ဤအမိန့်တော်ဖြင့် အသင်တို့အား စမ်းသပ်တော်မူခြင်းမျှ ဖြစ်ပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ သဘောကွဲလွဲလျက် ရှိကြသည်များကို ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်အသင်တို့ရှေ့မှောက်ဝယ် ထင်ရှားစွာပြတော်မူပေမည်ဖြစ်သည်။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် အကြင်မိန်းမကဲ့သို့ မဖြစ်ကြနှင့်၊ သူမသည် သူမ၏ချည်ခင်ကို ‌ကောင်း‌ကောင်းငင်ပြီး‌နောက် အပိုင်းပိုင်းဖျက်ဆီးပစ်ခဲ့သည်။ (ထိုကဲ့သို့)အသင်တို့သည် အသင်တို့၏ကျိန်ဆိုချက်များအား အသင်တို့သည် ပရိယာယ်ကြံစည်မှု၏ အ‌ကြောင်းခံအဖြစ် ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အုပ်စုတစ်စုသည် အုပ်စုတစ်ခုအ‌ပေါ် ပို၍ တိုးတက်ကြီးပွားရန်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုကတိနှင့် အသင်တို့ကို စမ်းသပ်‌တော်မူခြင်းသာဖြစ်သည်။ ၎င်း‌နောက် အရှင်မြတ်သည် အသင်တု့ိ ကွဲလွဲ‌နေသည်များကို ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် အသင်တို့၏‌ရှေ့၌ အမှန်စင်စစ် ရှင်းလင်းထင်ရှားစွာ ပြသ‌တော်မူမည် ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek