×

ထို့ပြင် သင်တို့သည် (သင်တိုအချင်းချင်းကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့်ဘဝတည်ဆောက်မှုဆိုင်ရာ) အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ကတိပဋိညာဉ်ကို ပြီးမြောက်ကျေပွန်အောင် ဆောင်ရွက်ကြလော့။ သို့သော် 16:91 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:91) ayat 91 in Burmese

16:91 Surah An-Nahl ayat 91 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 91 - النَّحل - Page - Juz 14

﴿وَأَوۡفُواْ بِعَهۡدِ ٱللَّهِ إِذَا عَٰهَدتُّمۡ وَلَا تَنقُضُواْ ٱلۡأَيۡمَٰنَ بَعۡدَ تَوۡكِيدِهَا وَقَدۡ جَعَلۡتُمُ ٱللَّهَ عَلَيۡكُمۡ كَفِيلًاۚ إِنَّ ٱللَّهَ يَعۡلَمُ مَا تَفۡعَلُونَ ﴾
[النَّحل: 91]

ထို့ပြင် သင်တို့သည် (သင်တိုအချင်းချင်းကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့်ဘဝတည်ဆောက်မှုဆိုင်ရာ) အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ကတိပဋိညာဉ်ကို ပြီးမြောက်ကျေပွန်အောင် ဆောင်ရွက်ကြလော့။ သို့သော် သင်တို့သည် ကတိကဝတ်များနှင့်ကျိန်ဆိုချက်များကို အခိုင်အမာ သဘောတူဝန်ခံပြီးနောက် မဖောက်ဖျက်ကြလေနှင့်။ အမှန်စင်စစ်၊ သင်တို့သည် (အရှင့်အမိန့်တော်နှင့်အညီ ပြုမူနေကြောင်းဝန်ခံလျှက်) အလ္လာဟ်အရှင်မြတ်အား သင်တို့အပေါ်၌ အာမခံသောအရှင်မြတ်အဖြစ် ပြုလုပ်မှတ်ယူခဲ့ကြပြီ။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှတို့ကို (အ ကြွင်းမဲ့) သိနေတော်မူပေ၏။

❮ Previous Next ❯

ترجمة: وأوفوا بعهد الله إذا عاهدتم ولا تنقضوا الأيمان بعد توكيدها وقد جعلتم, باللغة البورمية

﴿وأوفوا بعهد الله إذا عاهدتم ولا تنقضوا الأيمان بعد توكيدها وقد جعلتم﴾ [النَّحل: 91]

Ba Sein
၉၁။ သင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ပြုသောဂတိသစ္စာကို ဖြည့်ကြလော့။ သင်တို့ကျိန်ဆိုချက်များကို မဖျက်ကြလင့်။ ဤကိစ္စများတွင် သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို သင်တို့၏ အာမခံသူပြုလုပ်ကြ၏။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှတို့ကို သိမြင်တော်မူ၏။
Ghazi Mohammad Hashim
ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ကို အသင်တို့ ပဋိညာဉ် ဖွဲ့ပြီးခဲ့ကြသောအခါ ကျေပွန်အောင်ဆောင်ရွက်ကြ လေကုန်။ ထိုမှတစ်ပါးအသင်တို့သည် ကျိန်ဆိုချက်များကို အခိုင်အမာပြုပြီးနောက်မဖောက်ဖျက်ကြကုန်လင့်။ အမှန်စင်စစ်သော်ကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိမိတို့အပေါ်၌ အာမခံသူပြုလုပ်ခဲ့ကြချေပြီ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ခဲ့ကြသမျှတို့ကို (အကြွင်းမဲ့) သိရှိတော်မူပေသည်။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ကတိပြုထား‌သောအခါ ထိုကတိကို ပြည့်ဝ‌အောင် ‌ဆောင်ရွက်ကြပါ။* ၎င်း‌နောက် အသင်တို့သည် ကျိန်ဆိုမှုများကို အခိုင်အမာပြုလုပ်ပြီး‌နောက် မ‌ဖောက်ဖျက်ကြနှင့်။ အမှန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား အသင်တို့အ‌ပေါ်တွင် အာမခံသူအဖြစ် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို သိရှိ‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek