Quran with Burmese translation - Surah An-Nahl ayat 94 - النَّحل - Page - Juz 14
﴿وَلَا تَتَّخِذُوٓاْ أَيۡمَٰنَكُمۡ دَخَلَۢا بَيۡنَكُمۡ فَتَزِلَّ قَدَمُۢ بَعۡدَ ثُبُوتِهَا وَتَذُوقُواْ ٱلسُّوٓءَ بِمَا صَدَدتُّمۡ عَن سَبِيلِ ٱللَّهِ وَلَكُمۡ عَذَابٌ عَظِيمٞ ﴾
[النَّحل: 94]
﴿ولا تتخذوا أيمانكم دخلا بينكم فتزل قدم بعد ثبوتها وتذوقوا السوء بما﴾ [النَّحل: 94]
Ba Sein ၉၄။ သင်တို့သည် မိမိတို့အချင်းချင်းလိမ်လည်လည့်စားဖို့ရာ ကတိသစ္စာမပြုကြလင့်။ ထိုသို့ပြုလုပ်ခြင်းကြောင့် သင်တို့ကြောင့် မိမိတို့ခြေထောက်ကို မြဲမြံစွာရပ်ပြီးမှ ခြေချော်တတ်ကြသည်။ သင်တို့သည် လူသားတို့အား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ ပိတ်ပင်ဟန့်တားခြင်းကြောင့် ဆိုးကျိုးကို မြည်းကြရလိမ့်မည်။ သင်တို့၏ အပြစ်ဒဏ်သည် အလွန်းဆိုးဝါးကြောက်မက်ဖွယ်ဖြစ်လိမ့်မည်။ |
Ghazi Mohammad Hashim ထို့ပြင် အသင်တို့သည် မိမိတို့၏ကျိန်ဆိုချက်များကို မိမိတို့အချင်းချင်းတွင် ပရိယာယ်ဝေဝုစ် မပြုလုပ်ကြကုန်လင့်။ သို့ဖြစ်လျှင် (အခြားသူတို့၏)ခြေသည် မြဲမြံခိုင်ခံ့ပြီးနောက်ချွတ်ချော်တိမ်းပါး သွားပေလိမ့်မည်။ ထို့ပြင် အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးခဲ့ကြသောကြောင့်(ဤလောက၌လည်း) ဘေးဒုက္ခ ခံစားကြရပေမည်။ ထိုမှတစ်ပါး(တမလွန်ဘဝ၌လည်း) အသင်တို့၌ ကြီး ကျယ်လှစွာသောပြစ်ဒဏ်သည် သက်ရောက်ပေမည်။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် အသင်တို့၏ကျိန်ဆိုချက်များကို အသင်တို့ အချင်းချင်းကြားတွင် ပရိယာယ်ကြံစည်မှု မပြုလုပ်ကြနှင့်။ သို့ဖြစ်လျှင် (အသင်တို့၏)ခြေသည် တည်မြဲပြီးနောက်မှ တိမ်းချော်သွားလိမ့်မည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးခဲ့ကြသည့်အတွက် ဒုက္ခခံကြရမည်။ ၎င်းနောက် (တမလွန်ဘဝတွင်) အသင်တို့အတွက် ကြီးကျယ်သောပြစ်ဒဏ်ရှိသည်။ |