×

(သင်တို့ထံ၌ရှိသော အရာဟူသမျှသည် ကုန်ခန်းတိမ်ကောသွားမည်ဖြစ်သော်လည်း အလ္လာဟ်အရှင်မြတ်ထံတော်၌ရှိသောအရာဟူသမျှတို့မှာမူကား ထာဝရ တည်တံ့လိမ့်မည်။ ထို့ပြင် ဧကန်ပင်၊ ငါအရှင်မြတ် သည် အရှင့်အမိန့်တော်နှင့်အညီ ပြုမူကျင့်ကြံရာတွင် 16:96 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:96) ayat 96 in Burmese

16:96 Surah An-Nahl ayat 96 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 96 - النَّحل - Page - Juz 14

﴿مَا عِندَكُمۡ يَنفَدُ وَمَا عِندَ ٱللَّهِ بَاقٖۗ وَلَنَجۡزِيَنَّ ٱلَّذِينَ صَبَرُوٓاْ أَجۡرَهُم بِأَحۡسَنِ مَا كَانُواْ يَعۡمَلُونَ ﴾
[النَّحل: 96]

(သင်တို့ထံ၌ရှိသော အရာဟူသမျှသည် ကုန်ခန်းတိမ်ကောသွားမည်ဖြစ်သော်လည်း အလ္လာဟ်အရှင်မြတ်ထံတော်၌ရှိသောအရာဟူသမျှတို့မှာမူကား ထာဝရ တည်တံ့လိမ့်မည်။ ထို့ပြင် ဧကန်ပင်၊ ငါအရှင်မြတ် သည် အရှင့်အမိန့်တော်နှင့်အညီ ပြုမူကျင့်ကြံရာတွင် ရင်ဆိုင်ကြုံတွေ့ရသော ဒုက္ခအခက်အခဲများကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) သည်းခံကြံ့ခိုင်စွာ ရပ်တည်ကြသူတို့အား (သူတို့၏ပြုမူကျင့်ကြံမှုများနှင့်အညီ) သူတို့၏အကျိုးဆုလဒ်များကို အကောင်းမြတ်ဆုံးပုံစံဖြင့် ချီးမြှင့်တော်မူမည်ဖြစ်၏။

❮ Previous Next ❯

ترجمة: ما عندكم ينفد وما عند الله باق ولنجزين الذين صبروا أجرهم بأحسن, باللغة البورمية

﴿ما عندكم ينفد وما عند الله باق ولنجزين الذين صبروا أجرهم بأحسن﴾ [النَّحل: 96]

Ba Sein
၉၆။ သင်တို့၌ ရှိသောအရာများသည် ပျက်စီးပျောက်ကွယ်သွားတတ်ကြ၏။ အလ္လာဟ်အရှင်မြတ်အထံတော်၌ ရှိသော အရာများကား မပျက်မစီး၊ အမြဲတည်ရှိကြ၏။ မုချဧကန်ငါအရှင်မြတ်သည် တည်ကြည်၍ ခန္တီပါရမီရှိသူအား ၎င်းပြုကျင့်လေ့ရှိသော အကောင်းဆုံးသောအပြုအမူအတိုင်း ပေးသနားတော်မူမည်။
Ghazi Mohammad Hashim
အသင်တို့ထံ၌ရှိသော အရာများသည် ကုန်ခန်းသွားမည်သာတည်း။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အထံတော်၌ရှိသောအရာတို့မှာမူကား ရှိရစ်မည့်အရာများပင် ဖြစ်ကုန်သတည်း။ ထို့ပြင် ဧကန်အမှန် ငါအရှင်မြတ်သည် ကြံ့ခိုင်စွာရပ်တည် ခဲ့ကြကုန်သောသူတို့အား၊ ၎င်းတို့၏အကျိုးကို ၎င်းတို့ကျင့်မူခဲ့ကြကုန်သော ကောင်းမြတ်သောအကျင့်သီလနှင့်လျော်ညီစွာ ပေးဆပ်တော်မူပေမည်။
Hashim Tin Myint
အသင်တို့ထံ၌ရှိ‌သောအရာများသည် ကုန်ခန်းသွားမည်ဖြစ်သည်။ ၎င်း‌နောက် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌ ရှိ‌သောအရာများသည် အမြဲကျန်ရှိမည့်အရာများ ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သည်းခံခဲ့‌သောသူများအား သူတို့ ပြုမူခဲ့ကြသည်များထက် ပို‌ကောင်း‌သော ကုသိုလ်အကျိုးကို ‌ပေးသနား‌တော်မူမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek