Quran with Burmese translation - Surah An-Nahl ayat 97 - النَّحل - Page - Juz 14
﴿مَنۡ عَمِلَ صَٰلِحٗا مِّن ذَكَرٍ أَوۡ أُنثَىٰ وَهُوَ مُؤۡمِنٞ فَلَنُحۡيِيَنَّهُۥ حَيَوٰةٗ طَيِّبَةٗۖ وَلَنَجۡزِيَنَّهُمۡ أَجۡرَهُم بِأَحۡسَنِ مَا كَانُواْ يَعۡمَلُونَ ﴾
[النَّحل: 97]
﴿من عمل صالحا من ذكر أو أنثى وهو مؤمن فلنحيينه حياة طيبة﴾ [النَّحل: 97]
Ba Sein ၉၇။ အကြင်ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ တရားမှန်ကန်မှုကို ပြကျင့်လျက် ယုံကြည်သူဖြစ်အ့ံ၊ ငါအရှင်မြတ်သည် သူူ့အား သာယာမွန်မြတ်ဆုံးသောအကျင့်သီလအတိုင်း လျော်ကြေးပေးသနားတော်မူလတ့ံ။ |
Ghazi Mohammad Hashim မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ(မုအ်မင်န်အဖြစ်နှင့်) ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့သော်၊ ၎င်းပြင် ထိုသူသည် မုအ်မင်န် သက်ဝင်ယုံကြည်သူ(လည်း)ဖြစ်ခဲ့သော် မလွဲဧကန် ငါအရှင်မြတ်သည်ထိုသူအား သန့်ရှင်းစင်ကြယ်သောအသက်ရှင်ခြင်းမျိုးဖြင့်အသက်ရှင်စေတော်မူပေမည်။ ထိုမှတစ်ပါး မုချစင်စစ် ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏အကျိုးကို ၎င်းတို့ကျင့်မူဆောက်တည်လျက်ရှိခဲ့ကြကုန်သော ကောင်းမြတ်သောအကျင့်သီလနှင့်လျော်ညီစွာ ချီးမြှင့်တော်မူပေမည်။ |
Hashim Tin Myint မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သူသည် ယုံကြည်သူဖြစ်လျက်* ကောင်းမြတ်သော လုပ်ရပ်များကို ပြုလုပ်ခဲ့လျှင်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုသူကို သန့်ရှင်းစင်ကြယ်သော အသက်ရှင်ခြင်းမျိုးနှင့် အသက်ရှင်စေတော်မူမည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုသူများအား သူတို့ပြုလုပ်ခဲ့သော လုပ်ရပ်များထက် ကောင်းမွန်သော ကုသိုလ်အကျိုးကို ပေးသနားတော်မူမည် ဖြစ်သည်။ |