﴿وَبِٱلۡحَقِّ أَنزَلۡنَٰهُ وَبِٱلۡحَقِّ نَزَلَۗ وَمَآ أَرۡسَلۡنَٰكَ إِلَّا مُبَشِّرٗا وَنَذِيرٗا ﴾
[الإسرَاء: 105]
ထို့ပြင် ငါအရှင်မြတ်သည် ထို (ကုရ်အာန်ကျမ်းတော်မြတ်) ကို (မိစ္ဆာဒိဌိ လုံးဝကင်းရှင်း၍ အမှန် တရားအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက်) အမှန်တရားသစ္စာ ပါဝင်စေခြင်းဖြင့် ချမှတ်ပေးအပ်တော်မူပြီး၊ အမှန်တရားသစ္စာဖြင့်သာ လက်ဆင့်ကမ်းရောက်လာစေခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင် (တမန်တော်) အား (ယုံကြည်မှုနှင့်ဖြောင့်မတ်မှန်ကန်သောလုပ်ရပ် ၏အကျိုး ဆက်မှာ ပေါက်မြောက်အောင်မြင်ခြင်းဖြစ်ကြောင်းနှင့်မကောင်းမှုအကုသိုလ်၏အကျိုးဆက်မှာ မိစ္ဆာဒိဌိ ဖြစ်ကြောင်းကို) သတင်းကောင်းပါးသူနှင့်သတိပေးနှိုးဆော်သူအဖြစ်သာ စေလွှတ်တော်မူခဲ့ခြင်း ဖြစ်၏။
ترجمة: وبالحق أنـزلناه وبالحق نـزل وما أرسلناك إلا مبشرا ونذيرا, باللغة البورمية
﴿وبالحق أنـزلناه وبالحق نـزل وما أرسلناك إلا مبشرا ونذيرا﴾ [الإسرَاء: 105]