Quran with Burmese translation - Surah Al-Isra’ ayat 104 - الإسرَاء - Page - Juz 15
﴿وَقُلۡنَا مِنۢ بَعۡدِهِۦ لِبَنِيٓ إِسۡرَٰٓءِيلَ ٱسۡكُنُواْ ٱلۡأَرۡضَ فَإِذَا جَآءَ وَعۡدُ ٱلۡأٓخِرَةِ جِئۡنَا بِكُمۡ لَفِيفٗا ﴾
[الإسرَاء: 104]
﴿وقلنا من بعده لبني إسرائيل اسكنوا الأرض فإذا جاء وعد الآخرة جئنا﴾ [الإسرَاء: 104]
Ba Sein ၁ဝ၄။ သူသေလွန်ပြီးသည်နောက် ငါအရှင်မြတ်သည် အစ္စရာအီလ်အမျိုးသားတို့အား သင်တို့သည် ဤပြည်တွင် နေထိုင်ကြလော့။ သို့သော်နောင်ဘဝနှင့်သက်ဆိုင်သောကတိတော်အတိုင်း ဖြစ်ပေါ်လာသောအခါ ငါသည် သင်တို့အား လူအမျိုးမျိုးထဲမှ ထုတ်နှုတ်စုရုံးစေတော်မူမည်ဟု ဗျာဒိတ်ပေးတော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် ငါအရှင်မြတ်သည် ယင်း(ကဲ့သို့ နှစ်မြှုပ်တော်မူပြီး)နောက်တွင် အစ္စရာအီလီမျိုးနွယ်တို့အား အသင်တို့သည် ဤကမ္ဘာမြေဝယ်(မိမိ ကြိုက်နှစ်သက်ရာနေရာ ၌)နေထိုင်မှီတင်းကြလေကုန်။ တစ်ဖန် နောက်ဆုံးနေ့နှင့်စပ်လျဉ်း၍ ချိန်းချက်ထားသော အချိန်ကာလရောက်ရှိလာသောအခါ၊ ငါအရှင်မြတ်သည် အသင်တို့ (အားလုံး)ကိုစုပေါင်းကာခေါ် ယူတော်မူအံ့ဟု မိန့်ကြားတော်မူခဲ့လေသတည်း။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် ထို(ဖိရ်အောင်နှင့် သူ၏စစ်တပ်ပျက်စီးပြီး)နောက်တွင် အစ္စရာအီလ်မျိုးနွယ်များကို အသင်တို့သည် ကမာ္ဘမြေတွင် နေထိုင်ကြပါ။ ၎င်းပြင် နောက်ဆုံးနေ့နှင့် ချိန်းဆိုထားသောအချိန်ရောက်လာသောအခါ၊ ငါအရှင်မြတ်သည် အသင်တို့အား စုပေါင်းပြီး ယူဆောင်လာမည်ဟု မိန့်ကြားတော်မူခဲ့သည်။ |