Quran with Burmese translation - Surah Al-Isra’ ayat 52 - الإسرَاء - Page - Juz 15
﴿يَوۡمَ يَدۡعُوكُمۡ فَتَسۡتَجِيبُونَ بِحَمۡدِهِۦ وَتَظُنُّونَ إِن لَّبِثۡتُمۡ إِلَّا قَلِيلٗا ﴾ 
[الإسرَاء: 52]
﴿يوم يدعوكم فتستجيبون بحمده وتظنون إن لبثتم إلا قليلا﴾ [الإسرَاء: 52]
| Ba Sein ၅၂။ အရှင်မြတ်သည် သင်တို့အား ခေါ်တော်မူသောနေ့တော်ကြီး၌ သင်တို့သည် အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးခြင်းဖြင့် ထူးကြလတ့ံ။ ထိုအခါသင်တို့သည် ခေတ္တခဏမျှနေခဲ့ရသည်ဟု ထင်ကြလတ့ံ။ | 
| Ghazi Mohammad Hashim အကြင်နေ့တွင် ထိုအရှင်မြတ်သည် အသင်တို့အား ခေါ်တော်မူမည်။ ထိုအခါ အသင်တို့သည် ထို အရှင်မြတ်အား ချီးမွမ်းကာထူးကြပေမည်။ (အမိန့် တော်နာခံကြပေမည်)ထို့ပြင် အသင်တို့သည် မိမိတို့မှာ(လူ့လောကတွင်) အနည်းငယ်မျှသာနေထိုင်ခဲ့သည်ဟု ထင်မြင်ယူဆကြပေမည်။ | 
| Hashim Tin Myint ထိုနေ့တွင် အရှင်မြတ်သည် အသင်တို့အား ခေါ်တော်မူမည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်အား ချီးမွမ်းလျက်ထူးကြမည်။* ၎င်းနောက် အသင်တို့သည် (လောကတွင်) အသင်တို့ အနည်းငယ်သာ နေခဲ့ကြသည်ဟု ထင်မြင်ယူဆကြမည်။ |