Quran with Burmese translation - Surah Al-Isra’ ayat 55 - الإسرَاء - Page - Juz 15
﴿وَرَبُّكَ أَعۡلَمُ بِمَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَلَقَدۡ فَضَّلۡنَا بَعۡضَ ٱلنَّبِيِّـۧنَ عَلَىٰ بَعۡضٖۖ وَءَاتَيۡنَا دَاوُۥدَ زَبُورٗا ﴾
[الإسرَاء: 55]
﴿وربك أعلم بمن في السموات والأرض ولقد فضلنا بعض النبيين على بعض﴾ [الإسرَاء: 55]
Ba Sein ၅၅။ ထို့အပြင် သင်၏ ကျေးဇူးတော်သခင်သည် မိုးမြေပေါ်တွင် ရှိရှိသမျှအပေါင်းတို့ကို ကောင်းစွာသိတော်မူ၏။ ငါအရှင်မြတ်သည် အချို့သောတမန်တော်တို့ကို အခြားသောတမန်တော်များထက် သာလွန်ချီးမြှောက်တော်မူ၏။ တမန်တော်ဒါဝတ်အား ဇဘူရ်ကျမ်းတော်ကို ထုတ်ပြန်ပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိုးကောင်းကင်များ၌လည်း ကောင်း၊ပထဝီမြေ၌လည်းကောင်း၊ ရှိသူတို့အား ကောင်းမွန်စွာသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေ၏။ ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် အချို့သောနဗီတမန်တော်များအားအချို့(သောနဗီတမန်တော်တို့)ထက် သာစေတော်မူခဲ့လေ၏။ထို့ပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်) ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေ၏။ |
Hashim Tin Myint ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီတွင် ရှိသောသူများကို အသိဆုံးအရှင် ဖြစ်တော်မူသည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အချို့တမန်တော်များကို အချို့(တမန်တော်)များထက် သာလွန်စေတော်မူခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်)ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ပေးသနားတော်မူခဲ့သည်။ |