×

စင်စစ် ငါအရှင်မြတ်သည် ကျမ်းတော်မြတ်ကုရ်အာန်မှ (အချို့အာယသ်သက်သေလက္ခဏာများတွင်) သက်ဝင်ယုံကြည်သူတို့အတွက် (ရုပ်နာမ်ဆိုင်ရာ) ကုစားမှုနှင့်ကရုဏာတော်ကို ချမှတ်ပေးအပ်ထားတော်မူ၏။ သို့ရာတွင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား 17:82 Burmese translation

Quran infoBurmeseSurah Al-Isra’ ⮕ (17:82) ayat 82 in Burmese

17:82 Surah Al-Isra’ ayat 82 in Burmese (البورمية)

Quran with Burmese translation - Surah Al-Isra’ ayat 82 - الإسرَاء - Page - Juz 15

﴿وَنُنَزِّلُ مِنَ ٱلۡقُرۡءَانِ مَا هُوَ شِفَآءٞ وَرَحۡمَةٞ لِّلۡمُؤۡمِنِينَ وَلَا يَزِيدُ ٱلظَّٰلِمِينَ إِلَّا خَسَارٗا ﴾
[الإسرَاء: 82]

စင်စစ် ငါအရှင်မြတ်သည် ကျမ်းတော်မြတ်ကုရ်အာန်မှ (အချို့အာယသ်သက်သေလက္ခဏာများတွင်) သက်ဝင်ယုံကြည်သူတို့အတွက် (ရုပ်နာမ်ဆိုင်ရာ) ကုစားမှုနှင့်ကရုဏာတော်ကို ချမှတ်ပေးအပ်ထားတော်မူ၏။ သို့ရာတွင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူ တို့မှာမူ မတရားကျူးလွန်သူတို့၌ ဆုံးရှုံးမှုမှအပ (အခြားမည်သည့် တစ်စုံတစ်ရာကိုမျှ သူတို့အတွက်) တိုးပွားစေနိုင်သည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: وننـزل من القرآن ما هو شفاء ورحمة للمؤمنين ولا يزيد الظالمين إلا, باللغة البورمية

﴿وننـزل من القرآن ما هو شفاء ورحمة للمؤمنين ولا يزيد الظالمين إلا﴾ [الإسرَاء: 82]

Ba Sein
၈၂။ ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်ပို့ချပေးသနားတော်မူ၏။ ထိုကျမ်းတော်ပါတရားတော်သည် ယုံကြည်သူတို့အဖို့ရာ စိတ်နှလုံးကြည်လင်ချမ်းသာစေသောဆေးဖြစ်၏။ ကောင်းကြီးမင်္ဂလာတော်ကြီးလည်း ဖြစ်၏။ ထိုတရားတော်သည် မကောင်းမှုပြုကျင့်သူတို့အဖို့ ပျက်စီးခြင်းမှတပါး အခြားအရာကို မတိုးပွားစေချေ။
Ghazi Mohammad Hashim
စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်တွင် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ အနာရောဂါကင်းပျောက်စေသောအရာကို ချပေးသနားတော်မူလေသည်။ သို့ရာတွင် ထိုအရာသည် မတရားကျူးလွန်သူ တို့၌ ဆုံးရှုံးမှုမှတစ်ပါး(အခြားတစ်စုံတစ်ရာ) ကိုတိုးပွားစေခြင်း အလျင်းရှိမည်မဟုတ်ပေ။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်း‌တော်မြတ်တွင် ယုံကြည်သူများအတွက် ‌ရောဂါ‌ပျောက်‌စေ‌သောအရာနှင့် ကရုဏာ‌တော်ကို ချ‌ပေး‌တော်မူသည်။ ၎င်း‌နောက် ထိုအရာသည် မတရားကျူးလွန်သူများတွင် ဆုံးရှုံးမှုမှလွဲ၍ မည်သည့်အရာမျှ တိုးပွား‌စေသည်မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek