×

အမှန်စင်စစ်၊ ငါအရှင်မြတ်သည် လူသားအပေါ် (အရှင့်ကျေးဇူးတော်များဖြစ်သောလမ်းညွှန်၊ သယံဇာတ၊ စွမ်းရည်၊ စွမ်းအင်နှင့်ရိက္ခာအသုံးအဆောင်များ ပေးအပ်တော်မူ၍ ရောင့်ရဲမှုနှင့်ကိုယ်စိတ်နှစ်ဖြာချမ်း သာမှုဖြင့်) ဂုဏ်သိက္ခာချီးမြှင့်တော်မူသောအခါ သူသည် 17:83 Burmese translation

Quran infoBurmeseSurah Al-Isra’ ⮕ (17:83) ayat 83 in Burmese

17:83 Surah Al-Isra’ ayat 83 in Burmese (البورمية)

Quran with Burmese translation - Surah Al-Isra’ ayat 83 - الإسرَاء - Page - Juz 15

﴿وَإِذَآ أَنۡعَمۡنَا عَلَى ٱلۡإِنسَٰنِ أَعۡرَضَ وَنَـَٔا بِجَانِبِهِۦ وَإِذَا مَسَّهُ ٱلشَّرُّ كَانَ يَـُٔوسٗا ﴾
[الإسرَاء: 83]

အမှန်စင်စစ်၊ ငါအရှင်မြတ်သည် လူသားအပေါ် (အရှင့်ကျေးဇူးတော်များဖြစ်သောလမ်းညွှန်၊ သယံဇာတ၊ စွမ်းရည်၊ စွမ်းအင်နှင့်ရိက္ခာအသုံးအဆောင်များ ပေးအပ်တော်မူ၍ ရောင့်ရဲမှုနှင့်ကိုယ်စိတ်နှစ်ဖြာချမ်း သာမှုဖြင့်) ဂုဏ်သိက္ခာချီးမြှင့်တော်မူသောအခါ သူသည် (စိတ်ကြီးဝင်၍ မာန်မာနထောင်လွှားလျက် အရှင်မြတ်နှင့်ပတ်သက်သောအတွေး ကင်းမဲ့ကာ အမှန်တရားကို) ကျောခိုင်းပြီး သူ့ဘက် (သူ့ကမ္ဘာ၌သာ နစ်မြုပ်နေခြင်း) ဖြင့် (အရှင့်ကရုဏာတော်မှ) အလှမ်းဝေးကွာသွားလေ၏။ သို့ရာတွင် ဘေးဒုက္ခအခက်အခဲသည် သူ့အား ထိခိုက်စေသည့်အခါ သူသည် အစဉ် မျှော်လင့်ချက်ကင်းလေ့ရှိ၏။

❮ Previous Next ❯

ترجمة: وإذا أنعمنا على الإنسان أعرض ونأى بجانبه وإذا مسه الشر كان يئوسا, باللغة البورمية

﴿وإذا أنعمنا على الإنسان أعرض ونأى بجانبه وإذا مسه الشر كان يئوسا﴾ [الإسرَاء: 83]

Ba Sein
၈၃။ တဖန် ငါသည် လူသားအား စည်းစိမ်ချမ်းသာပေးသနားတော်မူသောအခါ သူသည် ငါ့ထံမှ လှည့်သွားပြီးလျှင် ပုန်ကန်ထောင်ထား၏။ သို့သော်သူသည် ဘေးအန္တရာယ်ထိခိုက်သောအခါ အလွန်စိတ်ငယ်ပြီးလျှင် စိတ်လုံးလုံး လျှော့ပစ်၏။
Ghazi Mohammad Hashim
အမှန်စင်စစ် ငါအရှင်မြတ်သည် လူသား၏အပေါ်၌ ကျေးဇူးပြုလေတော်မူသောအခါဝယ်၊ ၎င်းသည် မျက်နှာလွှဲ၍ ဝေးစွာဖယ်ရှောင်သွားလေ့ရှိပေသည်။ သို့ရာတွင်ယင်းလူသား၌ ဘေးဒုက္ခရောက်လေသော် ၎င်းသည် မျှော်လင့်ချက်ကင်းသူ ဖြစ်သွားလေတော့သတည်း။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် လူသား၏အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူ‌သောအခါ သူသည် မျက်နှာလွှဲ၍ ‌ရှောင်ဖယ်သွား‌လေ့ရှိသည်၊ ၎င်း‌နောက် သူ့တွင် ဒုက္ခ‌ရောက်‌သောအခါ သူသည် ‌မျှော်လင့်ချက်ကင်းသူဖြစ်သွား‌တော့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek