Quran with Burmese translation - Surah Al-Isra’ ayat 84 - الإسرَاء - Page - Juz 15
﴿قُلۡ كُلّٞ يَعۡمَلُ عَلَىٰ شَاكِلَتِهِۦ فَرَبُّكُمۡ أَعۡلَمُ بِمَنۡ هُوَ أَهۡدَىٰ سَبِيلٗا ﴾
[الإسرَاء: 84]
﴿قل كل يعمل على شاكلته فربكم أعلم بمن هو أهدى سبيلا﴾ [الإسرَاء: 84]
Ba Sein ၈၄။ တမန်တော်၊ သင်ဟောပြောလော့။ ဟယ်-အချင်းတို့၊ သင်တို့တစ်ဦးစီသည် မိမိအကျင့်အလေ့အတိုင်း ကျင့်ကြံ ကြ၏။ သင်တို့၏ ကျေးဇူးတော်သခင်သည် ကောင်းသောအကျင့်အလေ့ရှိသူအား ကောင်းစွာသိတော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောကြားပါလေ။ လူတိုင်းလူတိုင်းသည် မိမိနည်းလမ်း အတိုင်းပင်ကျင့်မူလေ့ရှိပေသည်။ သို့ရာတွင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မည်သူက လမ်းမှန်ဆုံးသောသူဖြစ်သည်ကို အသိတော်မူဆုံး အရှင်မြတ် ဖြစ်တော်မူလေသတည်း။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- လူတိုင်းသည် သူ၏နည်းလမ်းအတိုင်းပြုလုပ်နေကြသည်။ ထို့နောက် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မည်သူက လမ်းမှန်ဆုံးဖြစ်သည်ကို အသိဆုံးဖြစ်တော်မူသည်။ |