×

သူတို့သည် အသင် (တမန်တော်) အား ရူဟ် (အသက်ဇီဝိန်) နှင့်စပ်လျဉ်း၍ မေးမြန်းကြ၏။ (သူတို့အား) “အသက်ဇီဝိန်သည် ကျွန်ုပ်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် 17:85 Burmese translation

Quran infoBurmeseSurah Al-Isra’ ⮕ (17:85) ayat 85 in Burmese

17:85 Surah Al-Isra’ ayat 85 in Burmese (البورمية)

Quran with Burmese translation - Surah Al-Isra’ ayat 85 - الإسرَاء - Page - Juz 15

﴿وَيَسۡـَٔلُونَكَ عَنِ ٱلرُّوحِۖ قُلِ ٱلرُّوحُ مِنۡ أَمۡرِ رَبِّي وَمَآ أُوتِيتُم مِّنَ ٱلۡعِلۡمِ إِلَّا قَلِيلٗا ﴾
[الإسرَاء: 85]

သူတို့သည် အသင် (တမန်တော်) အား ရူဟ် (အသက်ဇီဝိန်) နှင့်စပ်လျဉ်း၍ မေးမြန်းကြ၏။ (သူတို့အား) “အသက်ဇီဝိန်သည် ကျွန်ုပ်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် မြတ်၏စီမံချက် အမိန့်တော်အတိုင်း ဖြစ်လာ၏။” ဟု ဖြေကြားလော့။ အသင်တို့သည် အရှင့်ဉာဏ်တော်အနန္တမှ အနည်းငယ်မျှသော အသိပညာကိုသာလျှင် ချီးမြှင့်ပေးသနားတော်မူခြင်းခံကြရ၏။

❮ Previous Next ❯

ترجمة: ويسألونك عن الروح قل الروح من أمر ربي وما أوتيتم من العلم, باللغة البورمية

﴿ويسألونك عن الروح قل الروح من أمر ربي وما أوتيتم من العلم﴾ [الإسرَاء: 85]

Ba Sein
၈၅။ သူတို့သည် သင့်အား ကောင်းကင်တမန်မင်းကြီးအကြောင်းကို မေးမြန်းလတံ့။ သင်ဟောကြားလော့။ တမန် မင်းကြီးသည် အကျွနု်ပ်၏ အရှင်သခင်၏ ဗျာဒိတ်တော်အားဖြင့်သာ လာရ၏။ သင်တို့အား ဉာာဏ်ပညာအနည်း ငယ်ာ ပေးသနားတော်မူ၏။
Ghazi Mohammad Hashim
စင်စစ် ၎င်းတို့သည် အသင့်အား ‘ရူဟ်’ အသက်ဇီဝိန်နှင့်စပ်လျဉ်း၍ မေးမြန်းကြကုန်၏။ အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)အသက်ဇီဝိန်သည်ငါ့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏အမိန့်တော်အတိုင်း ဖြစ်လာသည်။ စင်စစ် အသင်တို့သည် အနည်းငယ်မျှသော အသိပညာကိုသာ ချီးမြှင့်ပေးသနားတော်မူခြင်းခံခဲ့ကြရကုန်သတည်းဟူ၍(4င်းတို့အား)ပြောကြားပါလေ။(တစ်နည်း) စင်စစ် ၎င်းတို့သည် အသင့်အား (စမ်းသပ်လိုသောအားဖြင့်) ရူဟ်(၏အဖြစ်အမှန်)ကို မေးမြန်းကြကုန်၏။အသင်သည် (၎င်းတို့အား ဤသို့ပြောဆို (ဖြေကြား)ပါလေ။(အချင်းတို့) ရူဟ်(နှင့်စပ်လျဉ်း၍ အကျဉ်းအားဖြင့် ဤသို့သိထားကြလေကုန်။ ယင်းရူဟ်)သည်၊ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်အတိုင်း ဖြစ်လာ(သောအရာဝတ္ထုဖြစ်ပေ)သည်။ စင်စစ်(ယင်း၏)အဖြစ်အမှန် မှာမူကား အသင်တို့သည် (မိမိတို့၌ရှိသောအသိဉာဏ်နှင့်အမျှ)အနည်းငယ်လိုအပ်သမျှသော အသိပညာကိုသာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရ(သဖြင့် ယင်းရူဟ်၏ အဖြစ်အမှန်ကိုသိနားလည်နိုင်ကြမည်လည်းမဟုတ်သောကြောင့်လည်းကောင်း၊အသင်တို့အဖို့ လိုအပ်သော ပညာလည်းမဟုတ်သောကြောင့်လည်းကောင်း၊ ဖော်ပြခြင်းမပြုဘဲ ထားရှိခြင်းဖြစ်) ပေသည်။
Hashim Tin Myint
ထို့ပြင် သူတို့သည် အသင်(တမန်‌တော်)အား ရူဟ်*အသက်ဝိညာဉ်နှင့်ပတ်သက်၍ ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသက်ဝိညာဉ်သည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်အတိုင်း ဖြစ်လာသည်။ ထို့ပြင် အသင်တို့သည် ပညာအနည်းငယ်သာ ‌ပေးသနား‌တော်မူခြင်း ခံခဲ့ကြရသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek