Quran with Burmese translation - Surah Al-Isra’ ayat 98 - الإسرَاء - Page - Juz 15
﴿ذَٰلِكَ جَزَآؤُهُم بِأَنَّهُمۡ كَفَرُواْ بِـَٔايَٰتِنَا وَقَالُوٓاْ أَءِذَا كُنَّا عِظَٰمٗا وَرُفَٰتًا أَءِنَّا لَمَبۡعُوثُونَ خَلۡقٗا جَدِيدًا ﴾
[الإسرَاء: 98]
﴿ذلك جزاؤهم بأنهم كفروا بآياتنا وقالوا أئذا كنا عظاما ورفاتا أئنا لمبعوثون﴾ [الإسرَاء: 98]
Ba Sein ၉၈။ သူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို မယုံကြည်ကြချေ။ အကျွနု်ပ်တို့သည် အရိုးများသော်လည်းကောင်း၊ အစိတ်စိတ်အပိုင်းပိုင်းသော်လည်းကောင်း၊ ဖြစ်သွားသောအခါတွင် အမှန်ပင်ရှင်ပြန်ထမြောက် လူသစ်ဖြစ်ရဦးမည် လောဟု ပြောဆိုကြ၏။ ထို့ကြောင့်သူတို့၏ ဆုလာဘ်မှာ ငရဲသာဖြစ်၏။ |
Ghazi Mohammad Hashim ဤကား ၎င်းတို့၏အကျိုးတည်း။ အကြောင်းသော်ကား၊ ထိုသူတို့သည် ငါအရှင်မြတ်၏သက်သေ လက္ခဏာတော်များကို မယုံမကြည် ငြင်းဆိုခဲ့ကြခြင်း ကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့သည် အရိုးများသာကျန်ရှိပြီး၊ အပိုင်းပိုင်းအစစဖြစ်ကြသောအခါ အသစ်(ပြန်လည်) ဖန်ဆင်းခြင်းအားဖြင့် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လောဟု ပြောဆိုခဲ့ကြခြင်းကြောင့် လည်းကောင်း၊ ဖြစ်သတည်း။ |
Hashim Tin Myint ဤသည် သူတို့၏အကျိုးရလဒ်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမှန်မှာ သူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မယုံကြည် ငြင်းပယ်ခဲ့ကြသည်။ ၎င်းနောက် “ကျွန်ုပ်တို့သည် အရိုးများသာကျန်ရှိ၍ အပိုင်းပိုင်းအစစဖြစ်သွားကြသောအခါ အသစ်ဖန်ဆင်း၍ ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော“ဟု ပြောဆိုခဲ့ကြခြင်းကြောင့် ဖြစ်သည်။ |