Quran with Burmese translation - Surah Al-Isra’ ayat 97 - الإسرَاء - Page - Juz 15
﴿وَمَن يَهۡدِ ٱللَّهُ فَهُوَ ٱلۡمُهۡتَدِۖ وَمَن يُضۡلِلۡ فَلَن تَجِدَ لَهُمۡ أَوۡلِيَآءَ مِن دُونِهِۦۖ وَنَحۡشُرُهُمۡ يَوۡمَ ٱلۡقِيَٰمَةِ عَلَىٰ وُجُوهِهِمۡ عُمۡيٗا وَبُكۡمٗا وَصُمّٗاۖ مَّأۡوَىٰهُمۡ جَهَنَّمُۖ كُلَّمَا خَبَتۡ زِدۡنَٰهُمۡ سَعِيرٗا ﴾
[الإسرَاء: 97]
﴿ومن يهد الله فهو المهتد ومن يضلل فلن تجد لهم أولياء من﴾ [الإسرَاء: 97]
Ba Sein ၉၇။ အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းညွှန်ပြတော်မူအ့ံ။ ထိုသူသည် လမ်းမှန်ကို ရရှိ၏။ သို့သော် အကြင်သူအား အရှင်မြတ်သည် လမ်းမှားစေတော်မူအ့ံ၊ ထိုသူအတွက် သင်တမန်တော်သည် အလ္လာဟ်အရှင် မြတ်မှတပါး စောင့်ရှောက်မည့်အဆွေခင်ပွန်းမတွေ့နိုင်ချေ။ ငါသည် ထိုသူတို့အား ရှင်ပြန်ထမြောက်ရသော နေ့တော်ကြီး၌ မျက်နှာအောက်ဆိုက်၊ ဆွံ့အ၊ နားပင်း၊ မျက်ကန်းအနေဖြင့် စုရုံးတော်မူမည်။ သူတို့၏ ဗိမာန်မှာ အဝီစိငရဲဖြစ်လိမ့်မည်။ ငရဲမီးရှိန်အားဖြင့် ပျော့လာသောအခါ ငါသည် ၎င်းတို့ကို သူတို့အတွက် ပြင်းထန်လာစေတော်မူမည်။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်သို့ ညွှန်တော်မူသောသူသည်သာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်၍ ထိုအရှင်မြတ်က လမ်းမှား၌ ထားရှိတော်မူသောသူကား အသင်သည် ထိုအရှင်မြတ်မှတစ်ပါး ၎င်းတို့အား ကူညီရိုင်းပင်းမည့်သူများကို အလျှင်းတွေ့ရှိလိမ့်မည် မဟုတ်ပေ။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မျက်နှာမှောက်လျက်၊ မျက်စိကန်းသူများ၊ ဆွံ့အသူများနှင့် နားပင်သူများအဖြစ် (လာရောက်) စုရုံးစေတော်မူမည်။၎င်းတို့၏ နေရာထိုင်ခင်းသည် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင်ဖြစ်ပေမည်။ ယင်း(ဂျဟန္နမ်ငရဲဘုံ၏မီး)သည် ငြိမ်းအေး တိုင်းငြိမ်းအေးတိုင်း၊ ငါအရှင်မြတ်သည် ၎င်းတို့၌ မီးတောက်မီးလျှံကိုပိုမိုများပြားစေတော်မူမည် ဖြစ်ပေသတည်း။ |
Hashim Tin Myint ထို့ပြင် အလ္လာဟ်အရှင်မြတ်က လမ်းမှန်ညွှန်ကြားပြသတော်မူသောသူသာ လမ်းမှန်ရရှိသူဖြစ်၍ အရှင်မြတ်က လမ်းမှားတွင် ထားရှိသောသူကမူ အသင်သည် အရှင်မြတ်မှလွဲ၍ သူတို့အား ကူညီမည့်သူများ လုံးဝတွေ့မည် မဟုတ်ပေ။* ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ကိယာမသ်နေ့တွင် မျက်နှာမှောက်ပြီး၊ မျက်စိကန်းသူများ၊ ဆွံ့အသူများ၊ နားပင်းသူများအဖြစ် စုရုံးစေတော်မူမည်။ သူတို့၏နေရာထိုင်ခင်းသည် ဂျဟန္နမ်ငရဲဘုံပင်ဖြစ်မည်။ ထိုငရဲဘုံ၏မီးသည် အပူရှိန်လျော့လာတိုင်း ငါအရှင်မြတ်သည် သူတို့အတွက် မီးတောက်မီးလျှံကို ပိုမို များပြားစေတော်မူမည်ဖြစ်သည်။ |