×

ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ (နောင်တမလွန်တရားစီရင်မည့်နေ့၌ အစစ်ဆေးခံရန်) ထိုအရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကိုလည်းကောင်း၊ မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြသောကြောင့် သူတို့၏ပြုမူ ကျင့်ကြံမှုများသည် အချည်းနှီးဖြစ်ကြမည်ဖြစ်ရာ 18:105 Burmese translation

Quran infoBurmeseSurah Al-Kahf ⮕ (18:105) ayat 105 in Burmese

18:105 Surah Al-Kahf ayat 105 in Burmese (البورمية)

Quran with Burmese translation - Surah Al-Kahf ayat 105 - الكَهف - Page - Juz 16

﴿أُوْلَٰٓئِكَ ٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ رَبِّهِمۡ وَلِقَآئِهِۦ فَحَبِطَتۡ أَعۡمَٰلُهُمۡ فَلَا نُقِيمُ لَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ وَزۡنٗا ﴾
[الكَهف: 105]

ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ (နောင်တမလွန်တရားစီရင်မည့်နေ့၌ အစစ်ဆေးခံရန်) ထိုအရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကိုလည်းကောင်း၊ မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြသောကြောင့် သူတို့၏ပြုမူ ကျင့်ကြံမှုများသည် အချည်းနှီးဖြစ်ကြမည်ဖြစ်ရာ ငါအရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် သူတို့အတွက် (တမ လွန်ဘဝ၌ အကျိုးခံစားနိုင်မည့်ကောင်းမှုကုသိုလ်၏) မည်သည့်အလေးချိန်ကိုမျှ သဘောတူလက်ခံစရာ အဖြစ် သတ်မှတ်တော်မူမည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: أولئك الذين كفروا بآيات ربهم ولقائه فحبطت أعمالهم فلا نقيم لهم يوم, باللغة البورمية

﴿أولئك الذين كفروا بآيات ربهم ولقائه فحبطت أعمالهم فلا نقيم لهم يوم﴾ [الكَهف: 105]

Ba Sein
၁ဝ၅။ မိမိတို့၏ ကျေးဇူးတော်သခင်၏ နှုတ်ကပတ်တော်များနှင့် အရှင်မြတ်အား မျက်ဝါးထင်ထင်ဖူးမြင်ရမည်ကိုလည်း မယုံကြည်သူများ၊ ထိုသူတို့၏ ပြုကျင့်မှုများသည် အကျိုးမရှိ၊ အချည်းနှီးသာဖြစ်၏။ ရှင်ပြန်ထမြောက်ရသော နေ့တော်ကြီး၌ ငါသည် ထိုသူတို့ကို အရေးစိုက်တော်မူမည်မဟုတ်ချေ။
Ghazi Mohammad Hashim
ဤသူများပင် အကြင်သူများတည်း။ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကိုလည်း ကောင်း၊ ငြင်းပယ်ခဲ့ကြလေသည်။သို့ဖြစ်ပေရာ ၎င်းတို့၏ အကျင့်အမူများမှာ အချည်းနှီးပင်ဖြစ်ခဲ့ကြပေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည်လည်း ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မည်သည့်အလေးချိန်ကိုမျှပင် ၎င်းတို့အဖို့ သတ်မှတ်၍ ပေးတော်မူမည်မဟုတ်ပေ။
Hashim Tin Myint
ထိုသူများပင်၊ သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏သက်‌သေလက္ခဏာများသာမက အရှင်မြတ်နှင့်‌တွေ့ဆုံခြင်းကိုလည်း ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့၏လုပ်ရပ်များသည် အကျိုးမဲ့ဖြစ်ခဲ့ကြသည်။ ထို့‌နောက် ငါအရှင်မြတ်သည်လည်း ကိယာမသ်‌နေ့တွင် သူတို့အတွက် (မည်သည့်‌ကောင်းမှုမှ မရှိ‌တော့၍ သူတို့၏လုပ်ရပ်များကို ချိန်‌ပေးရန်) မည်သည့်အ‌လေးချိန်မှ သတ်မှတ်‌ပေး‌တော်မူမည် မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek