×

ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် (လိုဏ်ဂူ၏အပေါင်းအဖော်များ ဖြစ်ကြသော) သူတို့အား (သူတို့၏အခြေအနေနှင့်ပတ်သက်၍) သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် မေးမြန်းနိုင်ကြရန် အလို့ငှာ ပြန်လည် 18:19 Burmese translation

Quran infoBurmeseSurah Al-Kahf ⮕ (18:19) ayat 19 in Burmese

18:19 Surah Al-Kahf ayat 19 in Burmese (البورمية)

Quran with Burmese translation - Surah Al-Kahf ayat 19 - الكَهف - Page - Juz 15

﴿وَكَذَٰلِكَ بَعَثۡنَٰهُمۡ لِيَتَسَآءَلُواْ بَيۡنَهُمۡۚ قَالَ قَآئِلٞ مِّنۡهُمۡ كَمۡ لَبِثۡتُمۡۖ قَالُواْ لَبِثۡنَا يَوۡمًا أَوۡ بَعۡضَ يَوۡمٖۚ قَالُواْ رَبُّكُمۡ أَعۡلَمُ بِمَا لَبِثۡتُمۡ فَٱبۡعَثُوٓاْ أَحَدَكُم بِوَرِقِكُمۡ هَٰذِهِۦٓ إِلَى ٱلۡمَدِينَةِ فَلۡيَنظُرۡ أَيُّهَآ أَزۡكَىٰ طَعَامٗا فَلۡيَأۡتِكُم بِرِزۡقٖ مِّنۡهُ وَلۡيَتَلَطَّفۡ وَلَا يُشۡعِرَنَّ بِكُمۡ أَحَدًا ﴾
[الكَهف: 19]

ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် (လိုဏ်ဂူ၏အပေါင်းအဖော်များ ဖြစ်ကြသော) သူတို့အား (သူတို့၏အခြေအနေနှင့်ပတ်သက်၍) သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် မေးမြန်းနိုင်ကြရန် အလို့ငှာ ပြန်လည် နိုးကြားစေတော်မူ၏။ သူတို့အနက်မှ ပြောဆိုမေးမြန်းသူတစ်ဦးဟုက “သင်တို့သည် မည်မျှ ကြာမြင့်စွာ (အိပ်နေသည့်အနေအထား၌) နေခဲ့ကြသနည်း။” ဟု မေးမြန်းခဲ့ရာ သူတို့ (အနက်မှ အ ချို့) က “ကျွန်ုပ်တို့သည် တစ်နေ့ သို့မဟုတ် နေ့၏တစ်စိတ်တစ်ဒေသမျှသာ (အိပ်နေသည့်အနေအထား၌) နေခဲ့ကြ၏။” ဖြေကြားခဲ့လေ၏။ သူတို့ (အနက်မှ အချို့) ကမူ “သင်တို့မည်မျှကြာမြင့်စွာ (အိပ်နေသည့်အနေအထား၌) နေခဲ့ကြောင်းကို သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်သောအရှင်မြတ်သာလျှင် အသိတော်မူဆုံး ဖြစ်တော်မူ၏။ (မည်မျှပင်ကြာမြင့်ခဲ့သည်ဖြစ်စေ လတ်တလောတွင် ဆာလောင်မှုကို ဖြေရှင်းရန် လိုနေ၏။) သို့ဖြစ်ပေရာ သင်တို့အနက်မှ တစ်ဦးဦးအား မည်သည့် အစားအစာသည် (တရားတော်အရ တရားဝင် ခွင့်ပြု ထားပြီး) အစင်ကြယ်ဆုံးဖြစ်သည်ကို ကြည့်ရှုစီစစ်ပြီးမှ စားဖွယ်အချို့ကို ယူဆောင်လာနိုင်ရန် သင်တို့၏ ဤငွေဒင်္ဂါးကိုပေး၍ မြို့ထဲသို့ စေလွှတ်ကြလော့။ သို့ရာတွင် သူသည် (မြို့ထဲသို့ဝင်ရောက်သည့်အခါ မြို့နေပြည် သူများအနက်မှ) မည်သူတစ်ဦးတစ်ယောက်ကမျှ သင်တို့နှင့်ပတ်သက်၍ သတိမမူ သတင်းမရ နိုင်အောင် အထူး ဂရုစိုက်၍ ပါးနပ် (စွာသွားနိုင်) ရမည်။

❮ Previous Next ❯

ترجمة: وكذلك بعثناهم ليتساءلوا بينهم قال قائل منهم كم لبثتم قالوا لبثنا يوما, باللغة البورمية

﴿وكذلك بعثناهم ليتساءلوا بينهم قال قائل منهم كم لبثتم قالوا لبثنا يوما﴾ [الكَهف: 19]

Ba Sein
၁၉။ ငါအရှင်မြတ်သည် ထိုသူတို့သည် တဦးနှင့်တဦးအဖြစ်သနစ်စိစစ်မေးမြန်းစေရန် အိပ်ရာမှ ယင်းသို့နိုးထစေတော် မူ၏။ သူတို့အနက် တယောက်သောသူက သင်တို့သည် ဤဂူတွင်း၌ အဘယ်မျှလောက်ကြာသနည်းဟု မေး၏။ သူတို့က တနေ့(သို့မဟုတ်)နေ့ဝက်လောက်ရှိပြီဟု ပြောကြ၏။ အခြားသူတို့က သင်တို့၏ အရှင်သခင်သည် သင်တို့အဘယ်မျှလောက်ကြာသည်ကို အသိဆုံးဖြစ်တော်မူ၏။ ယခုသင်တို့အထဲမှ တဦးဦးသောသူကို သင်တို့၏ ဤငွေဒင်္ဂါးနှင့် မြို့ထဲသို့ စေလွှတ်ပါ။ သူသည် မြို့တွင်း၌ သန့်ရှင်းမွန်မြတ်သောအစာအာဟာရတို့ကို ကြည့်ရှု ဝယ်ယူလာပါစေ၊ သူသည် သူတပါးနှင့်ယဉ်ကျေးစွာဆက်ဆံပါစေ။ သင်တို့အကြောင်းကို လူမသိပါစေလင့်။
Ghazi Mohammad Hashim
၎င်းပြင် ဤနည်းနှင်နှင် ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့အချင်းချင်း တစ်ဦးကိုတစ်ဦး မေးမြန်းကြအံ့သောငှာ (ပြန်လည်၍) နိုးထစေတော်မူခဲ့၏။ (ထိုအခါ)၎င်းတို့အနက် ပြောဆိုသူတစ်ဦးက အသင်တို့သည် အဘယ်မျှလောက်(အချိန်ကာလတိုင်အောင် အိပ်ပျော်)နေခဲ့ကြသနည်းဟုပြောဆိုမေး မြန်းခဲ့ရာ ထိုသူတို့(အနက်အချို့)က ကျွန်ုပ်တို့သည်တစ်နေ့ သို့မဟုတ်နေ့၏တစ်စိတ်တစ်ဒေသမျှပင် အိပ်နေခဲ့ကြပါသည်ဟု ဖြေကြားခဲ့လေသည်။ (ထိုအခါ) ၎င်း(တို့အနက်အချို့သူ)တို့ကမူ (ဤသို့)ပြောဆိုခဲ့ကြလေသည်။ (စင်စစ်)အသင်တို့ အိပ်ပျော်နေခဲ့ကြသောအချိန်ကာလကို အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်သာလျှင်အသိဆုံးပင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည်(ယခု) မိမိတို့ အနက် တစ်ဦးဦးကို မိမိတို့၏ ဤငွေဒင်္ဂါးကိုပေး၍မြို့ထဲသို့ စေလွှတ်ကြလေကုန်။ သို့စေလွှတ်ခဲ့လျှင် မည်သည့်အစားအစာသည် အစင်ကြယ်ဆုံးဖြစ်သည်ကို ကြည့်ရှုပြီးနောက် ထိုသူသည် စားဖွယ်အချို့ကို အသင်တို့ထံ ယူဆောင်လာခဲ့ရမည်။ သို့ရာတွင် ထိုသူသည် (မြို့ထဲသို့သွားရာ၌ မြို့သူမြို့သားတို့သည် လုံးဝဒွိဟသံသယမဖြစ်ကြစေရန်) ပရိယာယ်ကျင့်သုံးရမည်။ ၎င်းပြင် ထိုသူသည် အသင်တို့နှင့် ပတ်သက်၍မည်သူတစ်ဦးတစ်ယောက်ကိုမျှ မသိစေရ။
Hashim Tin Myint
ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် သူတို့အား သူတို့အချင်းချင်း ‌မေးမြန်းကြရန်အတွက် နိုးထ‌စေ‌တော်မူခဲ့သည်။* သူတို့ထဲမှ ‌ပြောဆိုသူတစ်ဦးက အသင်တို့သည် မည်မျှ(ကြာကြာအိပ်‌ပျော်)‌နေခဲ့သနည်းဟု ‌ပြောဆို(‌မေးမြန်း)သည်။ သူတို့က ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် တစ်‌နေ့ သို့မဟုတ် ‌နေ့၏တစ်စိတ်တစ်‌ဒေသမျှ(အိပ်)‌နေခဲ့ကြသည်။ သူတို့(ထဲမှ အချို့)က ‌ပြောဆိုကြသည်- အသင်တို့(အိပ်‌ပျော်)‌နေခဲ့ကြ‌သောအချိန်ကာလကို အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သာ အသိဆုံးဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့ထဲမှ တစ်ဦးဦးအား အသင်တို့၏‌ငွေဒဂင်္ါးကို‌ပေးပြီး မြို့ထဲသို့ ‌စေလွှတ်ကြပါ။ ထို့‌နောက် မည်သည့်အစားအစာသည် အစင်ကြယ်ဆုံးဖြစ်သည်ကို ကြည့်၍ ထိုသူသည် ထို(အစင်ကြယ်ဆုံး‌သောစားစရာ)ထဲမှ စားစရာအချို့ကို အသင်တို့ထံ ယူ‌ဆောင်လာခဲ့ရမည်။ ၎င်း‌နောက် သူသည် (ဝယ်ယူမှုတွင်) နူးညံ့စွာဆက်ဆံရမည်။ ၎င်း‌နောက် သူသည် အသင်တို့နှင့်ပတ်သက်၍ မည်သူ့ကိုမှ လုံးဝ မသိ‌စေရ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek