Quran with Burmese translation - Surah Al-Kahf ayat 48 - الكَهف - Page - Juz 15
﴿وَعُرِضُواْ عَلَىٰ رَبِّكَ صَفّٗا لَّقَدۡ جِئۡتُمُونَا كَمَا خَلَقۡنَٰكُمۡ أَوَّلَ مَرَّةِۭۚ بَلۡ زَعَمۡتُمۡ أَلَّن نَّجۡعَلَ لَكُم مَّوۡعِدٗا ﴾
[الكَهف: 48]
﴿وعرضوا على ربك صفا لقد جئتمونا كما خلقناكم أول مرة بل زعمتم﴾ [الكَهف: 48]
Ba Sein ၄၈။ ထို့အပြင်သူတို့ကို သင်၏ ကျေးဇူးတော်သခင်ရှေ့တော်ဝယ် အဆင့်အတန်းအလိုက် စီတန်းစေတော်၏။ ယခု မူကား မောင်မင်းတို့သည် ငါအရှင်မြတ်အစကနဦးတွင်ဖန်ဆင်းတော်မူသကဲ့သို့ ငါ၏ ရှေ့တော်သို့ မုချအမှန် ရောက်ကြချေပြီ၊ သို့သော်မောင်းမင်းတို့က ဤတွေ့ဆုံမှုကို မောင်မင်းတို့အတွက် ငါသတ်မှတ်ထားသည်ဟု မထင်ကြချေဟု ဗျာဒိတ်ပေးတော်မူ။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်တွင် စီတန်းလျက်ရှိနေလေတော့၏။ ထိုအခါ ၎င်းမှာ ဪ-ငါသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တွဲဖက်နှိုင်းယှဉ်ကိုး ကွယ်ခြင်းမပြုခဲ့ပါလေသော် တော်လေစွ ဟု (ဝမ်းနည်းပက်လက်)ပြောဆို ညည်းညူမြည်တမ်းလျက်ရှိ ချိမ့်မည်။ |
Hashim Tin Myint ထို့ပြင် သူတို့သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့တော်၌ စီတန်းပြီး တက်ရောက်ပြသစေခြင်းခံကြရမည်ဖြစ်သည်။ (အရှင်မြတ်က မိန့်ကြားတော်မူမည်) အမှန်စင်စစ် အသင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့သကဲ့သို့ ငါအရှင်မြတ်ထံတော်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ အမှန်စင်စစ် အသင်တို့သည် အသင်တို့အတွက် ငါအရှင်မြတ်က မည်သည့်ချိန်းဆိုမှုမှ လုံးဝပြုလုပ်တော်မူမည် မဟုတ်ပေဟု ထင်မြင်ယူဆခဲ့ကြသည်။ |