Quran with Burmese translation - Surah Al-Kahf ayat 57 - الكَهف - Page - Juz 15
﴿وَمَنۡ أَظۡلَمُ مِمَّن ذُكِّرَ بِـَٔايَٰتِ رَبِّهِۦ فَأَعۡرَضَ عَنۡهَا وَنَسِيَ مَا قَدَّمَتۡ يَدَاهُۚ إِنَّا جَعَلۡنَا عَلَىٰ قُلُوبِهِمۡ أَكِنَّةً أَن يَفۡقَهُوهُ وَفِيٓ ءَاذَانِهِمۡ وَقۡرٗاۖ وَإِن تَدۡعُهُمۡ إِلَى ٱلۡهُدَىٰ فَلَن يَهۡتَدُوٓاْ إِذًا أَبَدٗا ﴾
[الكَهف: 57]
﴿ومن أظلم ممن ذكر بآيات ربه فأعرض عنها ونسي ما قدمت يداه﴾ [الكَهف: 57]
Ba Sein ၅၇။ အကြင်သူသည် မိမိ၏ ကျေးဇူးတော်သခင်၏ ပညတ်တရားတော်များကို ကြားနာရပြီးနောက်၊ တရားတော် ကို ကျောပေး၍ နောင်တမလွန်ဘဝသို့ မိမိတင်ကြိုပို့ထားနှင့်သောအပြုအကျင့်များကို သတိမေ့လျော့နေအ့ံ၊ ထိုသူထက် မကောင်းမှုကို အဘယ်သူသာလွန်ပြုကျင့်သနည်း။ မှတ်သားကြလော့။ ဤလူမိုက်တို့သည် နားမလည်နိုင်အောင်၊ သူတို့၏ စိတ်နှလုံးကို ငါအရှင်မြတ်သည် အမြှေး၊ အကာနှင့်ဖုံးလွှမ်းထားတော်မူ၏။ သူတို့၏ နားကိုလည်း ပင်းစေတော်မူ၏။ ထို့ကြောင့်သင်သည် သူတို့အား လမ်းညွှန်တော်ဘက်သို့ ခေါ်သော် လည်း သူတို့ကို လမ်းပြ၍ ရမည်မဟုတ်ချေ။ |
Ghazi Mohammad Hashim အမှန်စင်စစ်သော်ကား အကြင်သူထက် မတရား သောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် မိမိအားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်များဖြင့် ဆုံးမခြင်းကို ခံခဲ့ရသော်လည်း ထိုသူသည် ယင်းသက်သေလက္ခဏာတော်များမှမျက်နှာလွှဲခဲ့လေသည်။ ၎င်းပြင်ထိုသူသည် ၎င်း၏လက်နှစ်ဖက်က ကြိုတင်ပို့နှင့်ပြီးဖြစ် သည့်(ပြစ်မှုဒုစရိုက်)များကိုလည်း မေ့ပျောက်ခဲ့ပေသည်။ ဧကန်စင်စစ်ငါအရှင်မြတ်သည် ထို (ကဲ့သို့သော)သူတို့၏ စိတ်နှလုံးများပေါ်ဝယ်ထိုသူတို့သည်ယင်း(အမှန်တရား)ကို နားမလည်နိုင်ကြရန် အဖုံးအအုပ်များကိုလည်းကောင်း၊ ထိုသူတို့၏ နားပင်းမှုကို လည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။ စင်စစ် အကယ်၍အသင်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ဖိတ်ခေါ် ငြားသော်လည်း ၎င်းတို့သည် ဤအခြေအနေတွင် မည်သည့်အခါ၌မျှပင်လမ်းမှန်ကိုအလျင်းရရှိကြမည် မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် အကြင်သူထက် မတရားသောသူ မည်သူရှိမည်နည်း။ ထိုသူသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏သက်သေလက္ခဏာများနှင့် ဆုံးမခြင်းခံခဲ့ရသော်လည်း ထိုသူသည် ထိုအရာများအား မျက်နှာလွှဲခဲ့သည်။ ထို့ပြင် သူသည် သူ၏လက်နှစ်ဖက်က ကြိုတင်ပို့ထားသော အပြစ်များကိုလည်း မေ့ပျောက်ခဲ့သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုသူများ၏စိတ်နှလုံးများပေါ်တွင် သူတို့သည် ထို(အမှန်တရား)ကို နားမလည်နိုင်ကြအောင် အဖုံးအကာများနှင့် သူတို့၏နားများကို (မကြားရအောင်)နားပင်းမှု ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် အကယ်၍ အသင်သည် သူတို့အား တရားလမ်းမှန်ဘက် ဖိတ်ခေါ်သော်လည်း သူတို့သည် ဤအခြေအနေတွင် မည်သည့်အခါမှ လမ်းမှန်ကို ရကြမည်မဟုတ်ပေ။ |