Quran with Burmese translation - Surah Al-Kahf ayat 77 - الكَهف - Page - Juz 16
﴿فَٱنطَلَقَا حَتَّىٰٓ إِذَآ أَتَيَآ أَهۡلَ قَرۡيَةٍ ٱسۡتَطۡعَمَآ أَهۡلَهَا فَأَبَوۡاْ أَن يُضَيِّفُوهُمَا فَوَجَدَا فِيهَا جِدَارٗا يُرِيدُ أَن يَنقَضَّ فَأَقَامَهُۥۖ قَالَ لَوۡ شِئۡتَ لَتَّخَذۡتَ عَلَيۡهِ أَجۡرٗا ﴾
[الكَهف: 77]
﴿فانطلقا حتى إذا أتيا أهل قرية استطعما أهلها فأبوا أن يضيفوهما فوجدا﴾ [الكَهف: 77]
Ba Sein ၇၇။ ထို့နောက် သူတို့သည် ခရီးဆက်လက်သွားပြန်ရာ မြို့နယ်တခုတွင် နေထိုင်သူတို့ထံသို့ ရောက်ရှိလာကြ၏။ သူတို့အစားအစာတောင်းကြ၏။ သို့သော်မြို့သူမြို့သားတို့က သူတို့ကို လက်မခံ၊ ဧည့်ဝတ်ကို မပြုကြချေ။ ထိုအရပ်ဒေသတွင် မြို့ရိုးတံတိုင်းတခုပြိုကျတော့မည်ကို သူတို့တွေ့ကြ၏။ ထိုသူသည် ထိုတံတိုင်းကို ပြန်ပြင်၏။ ထိုအခါ မူစာက သင်အလိုရှိပါလျှင် သင်၏ လုပ်ခကို တောင်းနိုင်၏ဟု ပြော၏။ |
Ghazi Mohammad Hashim တစ်ဖန် ၎င်းတို့နှစ်ဦးသည်(ရှေ့သို့ဆက်လက်၍)လျှောက်သွားခဲ့ကြပြန်ရာ မြို့တစ်မြို့မှ မြို့သားတို့ထံရောက်လာ ခဲ့ကြသောအခါ ၎င်းတို့နှစ်ဦးကယင်းမြို့သားတို့ထံ(ဧည့်ခံကျွေး မွေးရန်မေတ္တာရပ်ခဲ့ကြ၏။)ထိုအခါ ယင်းမြို့သားတို့က ၎င်းတို့ နှစ်ဦးအားဧည့်ခံ(ကျွေးမွေး)ခြင်းကို ငြင်းပယ်ခဲ့ကြလေသည်။ ထို့နောက်၎င်းတို့နှစ်ဦးသည် ထိုမြို့တွင်း၌ တံတိုင်း တစ်ခုကိုတွေ့ရှိခဲ့ကြ၏။ ထိုတံတိုင်းမှာ ပြိုကျအံ့ဆဲဆဲ ဖြစ်နေလေရာယင်း(ခစ်ဿွ်ရ်)က ထိုတံတိုင်းကို ဖြောင့်မတ်စွာ ရပ်တည်စေခဲ့လေသည်။ (ထိုအခါ)ယင်း(မူစာ)က(အချင်း-ခစ်ဿွ်ရ်)အကယ် ၍အသင်သည် အလိုရှိခဲ့ပါမူ ဤ(တံတိုင်း တည့်မတ်ပေးရေး) နှင့်စပ်လျဉ်း၍ အမှန်ပင် လုပ်ခကိုယူနိုင်ခဲ့ပေသည်ဟုပြောဆို ခဲ့လေသည်။ |
Hashim Tin Myint ထို့နောက် ၎င်းတို့နှစ်ဦးသည် (ရှေ့သို့ဆက်)လျှောက်သွားခဲ့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ရွာတစ်ရွာ၏ရွာသူရွာသားများထံသို့ ရောက်သွားခဲ့ကြပြီး ၎င်းတို့နှစ်ဦးက ရွာသူရွာသားများထံတွင် ၎င်းတို့အား ဧည့်ခံကျွေးမွေးရန် မေတ္တာရပ်ခံခဲ့ကြသည့်အခါ ထို(ရွာသူရွာသား)တို့က ၎င်းတို့နှစ်ဦးအား ဧည့်ခံရန် ငြင်းလိုက်ကြသည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် ထိုရွာတွင် ပြိုလဲကျမည့်ဆဲဆဲဖြစ်နေသော တံတိုင်းတစ်ခုကို တွေ့ခဲ့ကြသည်။ သို့ဖြစ်ရာ ခိဿွ်ရ်က ထိုတံတိုင်းကို ပြန်မတ်အောင်ပြုလုပ်ပေးလိုက်သည်။ ၎င်း(တမန်တော်မူစာ)ကပြောသည်- အသင်အလိုရှိလျှင် ထို(တံတိုင်းကိုပြန်မတ်အောင် ပြုလုပ်ပေးလိုက်သည့်)အပေါ်တွင် အမှန်ပင် လုပ်အားခ ရယူနိုင်သည်။ |