Quran with Burmese translation - Surah Maryam ayat 58 - مَريَم - Page - Juz 16
﴿أُوْلَٰٓئِكَ ٱلَّذِينَ أَنۡعَمَ ٱللَّهُ عَلَيۡهِم مِّنَ ٱلنَّبِيِّـۧنَ مِن ذُرِّيَّةِ ءَادَمَ وَمِمَّنۡ حَمَلۡنَا مَعَ نُوحٖ وَمِن ذُرِّيَّةِ إِبۡرَٰهِيمَ وَإِسۡرَٰٓءِيلَ وَمِمَّنۡ هَدَيۡنَا وَٱجۡتَبَيۡنَآۚ إِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُ ٱلرَّحۡمَٰنِ خَرُّواْۤ سُجَّدٗاۤ وَبُكِيّٗا۩ ﴾
[مَريَم: 58]
﴿أولئك الذين أنعم الله عليهم من النبيين من ذرية آدم وممن حملنا﴾ [مَريَم: 58]
Ba Sein ၅၈။ အကြင်တမန်တော်အပေါင်းတို့သည် ရှိကြကုန်၏။ သူတို့ကို ငါသည် သနားစောင့်ရှောက်ချီးမြှောက်တော်မူ၏၊ ထိုတမန်တော်များသည် တမန်တော်အာဒမ်မှ ဆင်းသက်ပေါက်ဖွားလာသောသားမြေးများ၊ ထို့အပြင်တမန်တော် နူဟိုနှင့်အတူ သင်္ဘောပေါ်တွင် တင်ယူတော်မူလာသောသူတို့၏ သားမြေး၊ ထို့အပြင်ငါအရှင်မြတ် သမ္မာတရား လမ်းကြောင်းညွှန်ပြ၍ ရွေးကောက်တော်မူသောသူတို့အထဲမှ ဖြစ်ကြကုန်၏။ မည်သည့်အခါမဆို သူတို့အား မဟာဂရုဏာတော်ရှင်၏ ဓမ္မစက်နှုတ်ကပတ်တော်များကို ရွတ်ဖတ်ဆိုပြသောအခါ သူတို့သည် ဦးညွှတ်ချပျပ်ဝပ် ရှိခိုးလျက် မျက်ရည်ရှိမ်းရှိမ်းထလျက် ငိုကြွေးကြကုန်၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူခဲ့သောသူတို့ကား ဤနဗီတမန်တော်များပင်တည်း။ အချို့မှာ အာဒမ်၏သားသမီးများ၊ အချို့မှာ ငါအရှင်မြတ်သည်(နဗီတမန်တော်)နူဟ်နှင့်အတူ(သင်္ဘောပေါ်တွင်)တင်ဆောင်တော်မူခဲ့သော သူတို့၏သားသမီးများ၊ အချို့မှာ အစ်ဗ်ရာဟီမ်၏သားသမီးများ၊အချို့မှာ အစ္စရာအီလ်၏သားသမီးများ ဖြစ်ကြပေသည်။ ထို့ပြင် ၎င်းတို့အားလုံးမှာ ငါအရှင်မြတ် တရားလမ်းမှန် ညွှန်ပြတော်မူခဲ့သော၊ (ငါအရှင်မြတ်) ရွေးချယ်တော် မူခဲ့သောသူတို့အနက်မှလည်း ဖြစ်ခဲ့ကြကုန်သည်။ မည်သည့်အခါမျိုးမဆို ထိုသူတို့ရှေ့ဝယ် ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ မုက္ခပါဌ်တော်များကို ဖတ်ကြားခဲ့ပါလျှင်၊ ထိုသူတို့သည် ငိုကြွေးလျက်ပျပ်ဝတ်ဦးချကြကုန်၏။ |
Hashim Tin Myint ၎င်းတို့သည် အကြင်သူများပင်ဖြစ်ကြသည်၊ ၎င်းတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်ကျေးဇူးပြုတော်မူခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် တမန်တော်များထဲမှပင် ဖြစ်ကြသည်။ အချို့သည် အာဒမ်၏သားသမီးများ၊ အချို့သည် ငါအရှင်မြတ်က (တမန်တော်)နူးဟ်နှင့်အတူ (သဘေင်္ာပေါ်)တင်ဆောင်တော်မူခဲ့သည့်သူများ၏ သားသမီးများ၊ အချို့သည် (တမန်တော်)အိဗ်ရာဟီမ်၏သားသမီးများ၊ အချို့သည် (တမန်တော်)အစ္စရာအီလ်(ယအ်ကူဗ်)၏သားသမီးများ ဖြစ်ကြသည်။* ထို့ပြင် ၎င်းတို့အားလုံးမှာ ငါအရှင်မြတ် တရားလမ်းမှန်ညွှန်ကြားပြသတော်မူခဲ့ပြီး ငါအရှင်မြတ် ရွေးချယ်တော်မူခဲ့သောသူများထဲမှလည်း ဖြစ်ခဲ့ကြသည်။ မည်သည့်အခါပင်ဖြစ်စေ ၎င်းတို့ရှေ့၌ ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ အာယသ်တော်များကို ဖတ်ကြားခဲ့လျင်၊ ၎င်းတို့သည် ဦးချ၍ ငိုကြွေးကြလျက် (မြေပေါ်)ကျလာကြသည်။ |