×

(အရှင်မြတ်က အရှင့်စည်းမျဉ်းတော်များအား ခေတ်နှင့်အညီပြောင်းလဲပေးတော်မူရာ အရှင့်အမြော်အမြင်တော်ကို နားမလည်၍ ယခင်ကျမ်းရပုဂ္ဂိုလ်များထဲမှ မယုံကြည်သူတို့က ပြောင်းလဲမှုကို ထောက်ပြလျှက် မေးခွန်းများကို မေးခဲ့ကြသည်။) ယခင်က 2:108 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:108) ayat 108 in Burmese

2:108 Surah Al-Baqarah ayat 108 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 108 - البَقَرَة - Page - Juz 1

﴿أَمۡ تُرِيدُونَ أَن تَسۡـَٔلُواْ رَسُولَكُمۡ كَمَا سُئِلَ مُوسَىٰ مِن قَبۡلُۗ وَمَن يَتَبَدَّلِ ٱلۡكُفۡرَ بِٱلۡإِيمَٰنِ فَقَدۡ ضَلَّ سَوَآءَ ٱلسَّبِيلِ ﴾
[البَقَرَة: 108]

(အရှင်မြတ်က အရှင့်စည်းမျဉ်းတော်များအား ခေတ်နှင့်အညီပြောင်းလဲပေးတော်မူရာ အရှင့်အမြော်အမြင်တော်ကို နားမလည်၍ ယခင်ကျမ်းရပုဂ္ဂိုလ်များထဲမှ မယုံကြည်သူတို့က ပြောင်းလဲမှုကို ထောက်ပြလျှက် မေးခွန်းများကို မေးခဲ့ကြသည်။) ယခင်က တမန်တော်မူဆာအား (“အလ္လာဟ်အရှင်မြတ်ကို မြင်လိုပါ၏။” ဟူသော မေးခွန်းပမာ ထပ်တလဲလဲ နှောင့်ယှက်လိုသည့် ဆန္ဒဖြင့် အဓိပ္ပါယ်မဲ့မေးခွန်းများ) မေးသကဲ့သို့ သင်တို့၏ရစူလ်တမန်တော်ကိုလည်း မေးကြရန် ဆန္ဒရှိကြသလော။ သို့ဖြစ်လျှင် ယုံကြည်မှုကို မယုံကြည်ငြင်းဆန်ဖုံးကွယ်မှုဖြင့် အလဲအလှယ်လုပ်သူ မည်သူမဆိုသည် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်မှ လွဲချော်၍ လမ်းမှားရောက်ခဲ့သည်မှာ သေချာနေပြီ ဖြစ်၏။

❮ Previous Next ❯

ترجمة: أم تريدون أن تسألوا رسولكم كما سئل موسى من قبل ومن يتبدل, باللغة البورمية

﴿أم تريدون أن تسألوا رسولكم كما سئل موسى من قبل ومن يتبدل﴾ [البَقَرَة: 108]

Ba Sein
၁ဝ၈။ သို့မဟုတ် သင်တို့သည် မိမိတို့တမန်တော်အား တမန်တော်မူဆာကို ရှေးကာလက မေးမြန်းသကဲ့သို့ မေးမြန်းကြမည်လော။ အကြင်သူသည် သစ္စာတရားတော်အစား မိစ္ဆာတရားကို ရွေးယူ၏။ ထိုသူသည်လမ်းမှန်မှ လမ်းမှားသို့ အမှန်ပင် လွဲသွား၏။
Ghazi Mohammad Hashim
(အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့) ရှေးအထက်ကျော်ကာလ၌ (အသင်တို့၏ ဘိုးဘေးများက) နဗီတမန်တော်မူစာ (အလိုင်ဟစ္စလာမ်) အား (မလျော်ကန်သောအချက်များကို) တောင်းဆို မေးမြန်းကြသကဲ့သို့ အသင်တို့ကလည်း မိမိတို့ခေတ်၌ ပွင့်တော်မူသော နဗီတမန်တော်(မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) အား ထိုကဲ့သို့ပင် တောင်းဆို မေးမြန်းရန် အလိုဆန္ဒ ရှိကြပါသလော။ မည်သူမဆို ယုံကြည်ခြင်းသဒ္ဓါတရားကို စွန့်ပယ်၍ မိစ္ဆာအယူကို လဲလှယ်(လက်ခံ) နာယူပါမူ၊ ထိုသူသည် မချွတ်ဧကန် ဖြောင့်မတ် မှန်ကန်သော လမ်းမှ တိမ်းပါး လွဲချော်သွားချေပြီ။
Hashim Tin Myint
ယခင်က(တမန်‌တော်)မူစာ ‌တောင်းဆို‌မေးမြန်းခြင်းခံခဲ့ရသကဲ့သို့ အသင်တို့လည်း အသင်တို့၏တမန်‌တော်(မုဟမ္မဒ်-ဆွ)ကို ထိုကဲ့သို့ပင် ‌တောင်းဆို‌မေးမြန်းလိုကြပါသ‌လော။ မည်သူမဆို အီမာန်ယုံကြည်မှုအစား ကုဖ်ရ်ငြင်းပယ်မှုကို လဲလှယ်ယူမည်ဆိုလျှင် ထိုသူသည် အမှန်ပင် ‌ဖြောင့်မတ်မှန်ကန်သည့်လမ်းမှ တိမ်း‌ချော်သွားပြီဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek