Quran with Burmese translation - Surah Al-Baqarah ayat 109 - البَقَرَة - Page - Juz 1
﴿وَدَّ كَثِيرٞ مِّنۡ أَهۡلِ ٱلۡكِتَٰبِ لَوۡ يَرُدُّونَكُم مِّنۢ بَعۡدِ إِيمَٰنِكُمۡ كُفَّارًا حَسَدٗا مِّنۡ عِندِ أَنفُسِهِم مِّنۢ بَعۡدِ مَا تَبَيَّنَ لَهُمُ ٱلۡحَقُّۖ فَٱعۡفُواْ وَٱصۡفَحُواْ حَتَّىٰ يَأۡتِيَ ٱللَّهُ بِأَمۡرِهِۦٓۗ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴾
[البَقَرَة: 109]
﴿ود كثير من أهل الكتاب لو يردونكم من بعد إيمانكم كفارا حسدا﴾ [البَقَرَة: 109]
Ba Sein ၁ဝ၉။ ရှေးကျမ်းတော်ရရှိသူတို့အနက် များလှစွာသောသူတို့သည် သမ္မာတရားတော်ထင်ရှားတောက်ပပြီးမှ မိမိတို့မနာလိုဝန်တိုစိတ်ကြောင့် သင်တို့အား ယုံကြည်သူဘဝမှ မိစ္ဆာဒိဋ္ဌိဘဝသို့ လွှဲပြောင်းစေလိုသော ဆန္ဒရှိကြ၏။ အလ္လာဟ်အရှင်မြတ်ဗျာဒိတ်ချပေးတော်မူသည်တိုင်အောင် သင်တို့သည် သူတို့အား အပြစ်လွှတ်၍ သည်းခံလော့၊ မှတ်သားကြလော့၊ အရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။ |
Ghazi Mohammad Hashim စင်စစ်မှာမူကား ကျမ်းဂန် ရရှိကြကုန်သော(ယဟူဒီဘာသာဝင်များ) အနက်မ ှမြောက်မြားစွာသော သူတို့သည်၊ ထင်ရှားခဲ့ပြီး အမှန်သည် ယင်းသူတို့အဘို့ နောက်သော်မှပင် မိမိတို့စိတ်တွင်း၌ ထားရှိကြကုန်သော မနာလို ဝန်တို ငြူစူခြင်း သဘောများကြောင့် အသင်တို့အား ‘မုစ်လင်မ်’ဘဝမှတဖန် ကာဖိရ်ဘဝသို့ ပြန်လည် ပို့ဆောင်လိုကြသည်။ သို့ဖြစ်ငြားသော် လည်း၊ အလ္လာဟ် အရှင်မြတ်အထံတော်မှ အမိန့်တော် ကျရောက်လာသည့်တိုင်အောင် အသင်တို့သည်၊ ခန္တီ တရားကို အမြဲထား၍ ယင်းသူတို့အား လျစ်လျူရှုကာ ခွင့်လွှတ်နေကြကုန်။ ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည် အရာခပ်သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင် နိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်တည်း။ |
Hashim Tin Myint ကျမ်းရသည့်သူများအနက်မှ အမြောက်အမြားသည် သူတို့အတွက် အမှန်တရားသည် ထင်ရှားပြီးသည့်နောက်၌ပင် သူတို့၏စိတ်များထဲမှ မနာလိုမှုကြောင့် အသင်တို့ အီမာန်ယုံကြည်ပြီး နောက်တစ်ဖန် အသင်တို့အား ကာဖိရ်ဘဝသို့ ပြန်လည်ရောက်စေချင်ကြသည်။ ထို့အတွက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံမှ အမိန့်တော်ကျရောက်လာသည်အထိ သူတို့အား ခွင့်လွှတ်ပြီး လျစ်လျူရှုနေကြပါ။ အမှန်မုချ အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်တွင် အလွန်စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူသည်။ |