×

ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီမြဲမြံစွာ) ဆောက်တည်ကြလော့။ ဇကာသ် (ခေါ် တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် ပေးကမ်းလှူဒါန်းရသော လူမှုဖူလုံကြေးကိုလည်း) ပေးကြလော့။ သင်တို့ ၏နဖ်စ် 2:110 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:110) ayat 110 in Burmese

2:110 Surah Al-Baqarah ayat 110 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 110 - البَقَرَة - Page - Juz 1

﴿وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَۚ وَمَا تُقَدِّمُواْ لِأَنفُسِكُم مِّنۡ خَيۡرٖ تَجِدُوهُ عِندَ ٱللَّهِۗ إِنَّ ٱللَّهَ بِمَا تَعۡمَلُونَ بَصِيرٞ ﴾
[البَقَرَة: 110]

ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီမြဲမြံစွာ) ဆောက်တည်ကြလော့။ ဇကာသ် (ခေါ် တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် ပေးကမ်းလှူဒါန်းရသော လူမှုဖူလုံကြေးကိုလည်း) ပေးကြလော့။ သင်တို့ ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုသုံး၍ သင်တို့လက်ဖြင့်လုပ်လျှက် ကြိုတင်ပို့ထားသည့် ကောင်းမှုများကို အလ္လာဟ်အရှင်မြတ်ထံတော်၌ တွေ့မြင်ရလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူဆောင်ရွက်မှုဟူသမျှကို အကြွင်းမဲ့ မြင်နေတော်မူ၏။

❮ Previous Next ❯

ترجمة: وأقيموا الصلاة وآتوا الزكاة وما تقدموا لأنفسكم من خير تجدوه عند الله, باللغة البورمية

﴿وأقيموا الصلاة وآتوا الزكاة وما تقدموا لأنفسكم من خير تجدوه عند الله﴾ [البَقَرَة: 110]

Ba Sein
၁၁ဝ။ ဆွလာသ်ဝတ်ပြုကြလော့။ ဇကားသ်အလှူကိုပေးကြလော့။ သင်တို့သည် မိမိတို့ဝိညာဉ်များအတွက် အကြင်ကုသိုလ်ကောင်းမှုကို ကြိုတင်ပို့ထားနှင့်၏။ ထိုကုသိုလ်ကောင်းမှုကို အလ္လာဟ်အရှင်မြတ် ထံတော်၌ တွေ့ရှိရကြလတ္တံ့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုသမျှကို မုချမြင်တော်မူ၏။
Ghazi Mohammad Hashim
ထိုမှတပါး အသင်တို့သည် ဆွလာတ် ဝတ်ပြုခြင်းကို အမြဲတစေ ဆောက်တည်ကြလေကုန်၊ ၎င်းပြင်အသင်တို့သည် ဇကာတ် တရားဝင်ဒါန ကြေးများကို ပေးဆောင်ကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် မည်သည် ကောင်းမှုကုသိုလ်ကိုမဆို မိမိတို့အဘို့အရာ ရှေ့သို့ တင်ကြိုပို့ထားနှင့်ကြပါမူ အလ္လာဟ်အရှင်မြတ် အထံတော်မှ ယင်းကောင်းမှု(၏ ကုသိုလ်အကျိုး) ကို အသင်တို့ရရှိကြအံ့၊ မုချအမှန် အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြုမူကြ ကုန်သောအရာခပ်သိမ်းတို့ကို အကြွင်းမရှိ သိမြင်တော်မူသောအရှင် ဖြစ်တော်မူ၏။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ကြပြီး ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်ကြပါ။ ထို့ပြင် အသင်တို့အတွက် ‌ရှေ့ကိုကြိုတင်ပို့‌ဆောင်ထားသည့် မည်သည့်‌ကောင်းမှုကိုမဆို အလ္လာဟ်အရှင်မြတ်ထံ၌ အသင်တို့ ရရှိကြလိမ့်မည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူကြသည့် အရာအားလုံးကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek