×

သူတို့၏ဘာသာအယူဝါဒကို အသင် မလိုက်နာသရွေ့ ဂျူးနှင့်ခရစ်ယာန်တို့အား နှစ်သိမ့်ကျေနပ်စေနိုင်မည် အလျဉ်း မဟုတ်ပေ။ “အလ္လာဟ်အရှင်မြတ်၏လမ်းညွှန်မှုသာလျှင် စစ်မှန်သောလမ်းညွှန်မှု ဖြစ်၏။”ဟု ဟောလော့။ အသင့်ထံ 2:120 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:120) ayat 120 in Burmese

2:120 Surah Al-Baqarah ayat 120 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 120 - البَقَرَة - Page - Juz 1

﴿وَلَن تَرۡضَىٰ عَنكَ ٱلۡيَهُودُ وَلَا ٱلنَّصَٰرَىٰ حَتَّىٰ تَتَّبِعَ مِلَّتَهُمۡۗ قُلۡ إِنَّ هُدَى ٱللَّهِ هُوَ ٱلۡهُدَىٰۗ وَلَئِنِ ٱتَّبَعۡتَ أَهۡوَآءَهُم بَعۡدَ ٱلَّذِي جَآءَكَ مِنَ ٱلۡعِلۡمِ مَا لَكَ مِنَ ٱللَّهِ مِن وَلِيّٖ وَلَا نَصِيرٍ ﴾
[البَقَرَة: 120]

သူတို့၏ဘာသာအယူဝါဒကို အသင် မလိုက်နာသရွေ့ ဂျူးနှင့်ခရစ်ယာန်တို့အား နှစ်သိမ့်ကျေနပ်စေနိုင်မည် အလျဉ်း မဟုတ်ပေ။ “အလ္လာဟ်အရှင်မြတ်၏လမ်းညွှန်မှုသာလျှင် စစ်မှန်သောလမ်းညွှန်မှု ဖြစ်၏။”ဟု ဟောလော့။ အသင့်ထံ အသိပညာ (ကုရ်အာန်) ရောက်ရှိပြီးမှ သူတို့၏စိတ်အလိုဆန္ဒများ အတိုင်းလိုက်နာလျှင် အသင့်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ မည်သည့် ကာကွယ်စောင့်ရှောက်သူနှင့်ကူညီစောင်မသူမျှ ရှိလိမ့်မည် မဟုတ်ချေ။

❮ Previous Next ❯

ترجمة: ولن ترضى عنك اليهود ولا النصارى حتى تتبع ملتهم قل إن هدى, باللغة البورمية

﴿ولن ترضى عنك اليهود ولا النصارى حتى تتبع ملتهم قل إن هدى﴾ [البَقَرَة: 120]

Ba Sein
၁၂ဝ။ သင်သည် သူတို့၏ ဘာသာအယူဝါဒကို မလိုက်နာသမျှကာလပတ်လုံး ရဟူဒီလူမျိုးနှင့် ခရစ်ယာန် ဘာသာဝင်လူမျိုးတို့သည် သင့်ကို နှစ်သက်ကြမည်မဟုတ်ပေ။ သင်ဟောကြားလော့။ အလ္လာဟ် အရှင်မြတ်၏ လမ်းညွှန်ခြင်းသာလျှင် ညွှန်ပြခြင်းအစစ်ဖြစ်၏။ အေ - တမန်တော် သင်သည် တရားအလင်းရောင်ရရှိပြီးနောက် သူတို့၏ အလိုများနောက်သို့လိုက်လျှင် သင်သည် အလ္လာဟ် အရှင်မြတ်အထံတော်မှ စောင့်ရှောက်သူ အဆွေခင်ပွန်းကိုသော်လည်းကောင်း၊ ကူညီသူကိုသော် လည်းကောင်း မရရှိပေ။
Ghazi Mohammad Hashim
အမှန်သော်ကား (အို-ချစ်တမန်တော် အသင်သည် နဗီတမန်တော်ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ မည်မျှလောက်ပင် ထောက်ခံချက် သက်သေလက္ခဏာ တော်များကိုဟောပြငြားပါလည်း အချည်းနှီးအကျိုး မဲ့သာဖြစ်အံ့) ယဟူဒီနှင့်ခရစ်ယာန်တို့သည် ၎င်းတို့၏ ဘာသာအယူဝါဒကို အသင်မလိုက်နာသမျှ ကာလ ပတ်လုံး အသင့်အား မည်သည့်အခါမျှ နှစ်သိမ့်ကျေနပ်ကြမည် မဟုတ်ပေ၊ (သို့ဖြစ်လေရာ အသင်သည် ယင်းသူတို့အား) အလ္လာဟ် အရှင်မြတ် ညွှန်ကြားပြသတော်မူသော တရားလမ်းသည်သာလျှင် မုချဧကန် ဖြောင့်မတ်မှန်ကန်သော တရားလမ်းပင်တည်းဟု(ပွင့်လင်းစွာတုံ့ပြန်) ပြောဆိုပါလေ။ ထိုမှတစ်ပါးတုံ (အလ္လာဟ် အရှင်မြတ်အထံတော်မှ) အသင်၏ထံသို့ (ယုံကြည်စိတ်ချဘွယ်ရာသော) အသိတရား ရောက်ရှိလာပြီးသည့်နောက် အကယ်၍သာ အသင်သည် ယင်းသူတို့၏ ယုတ်ညံ့သိမ်ဖျင်းသော အလိုဆန္ဒ များကို လိုက်နာခဲ့အံ့၊ (ထိုသို့သောအခါဝယ်) မည်သူ တစ်ဦးတစ်ယောက်မျှ အလ္လာဟ် အရှင်မြတ်(ပေးတော်မူမည့်အပြစ်ဒဏ်များ)မှ အသင့်အား စောင့်ရှောက်သူ မိတ်သဟာဟူ၍ လည်းကောင်း၊ ကူညီအားပေးစောင်မမည့်သူ ဟူ၍ လည်းကောင်း၊ ရှိမည်မဟုတ်ပေ။
Hashim Tin Myint
ထို့ပြင် ယဟူဒီများနှင့်နတ်စွ်ရာနီများသည် သူတို့၏ဘာသာအယူဝါဒကို အသင်(တမန်‌တော်)မလိုက်နာသမျှ အသင်(တမန်‌တော်)ကို မည်သည့်အခါမှ ‌ကျေနပ်ကြမည်မဟုတ်‌ပေ။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏လမ်းမှန်ညွှန်ကြားပြသမှုသာ လမ်းမှန်ညွှန်ကြားပြသမှုအစစ်ဖြစ်သည်။ ၎င်းပြင် အကယ်၍ အသင်(တမန်‌တော်)သည် အသင်၏ထံ အသိပညာ‌ရောက်ရှိပြီး‌နောက်မှ သူတို့၏အလိုဆန္ဒများ‌နောက်ကိုလိုက်ခဲ့မည်ဆိုလျှင် အသင်(တမန်‌တော်)အတွက် အလ္လာဟ်အရှင်မြတ်(၏အ‌ရေးယူမှု)မှ (လွတ်‌မြောက်‌စေရန်)ကာကွယ်‌စောင့်‌ရှောက်မည့်သူနှင့် ကူညီရိုင်းပင်းမည့်သူ မည်သူမျှရှိမည်မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek