×

(သူတို့၏မမှန်မကန်သော ကြွေးကြော်မှုနှင့်စပ်လျဉ်း၍ ဝမ်းနည်းစရာမလိုပေ။) မုချဧကန်၊ ငါအရှင်မြတ်သည် အသင် (တမန်တော်မုဟမ္မဒ်) ကို အမှန်တရားသစ္စာနှင့်အတူ သတင်းကောင်းပါးသူနှင့်သတိပေးနှိုးဆော်သူအဖြစ် စေလွှတ်တော်မူ၏။ မီးရှိန်ပြင်းသည့်ငရဲဘုံ၏အဖော်များနှင့်စပ်လျဉ်း၍ 2:119 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:119) ayat 119 in Burmese

2:119 Surah Al-Baqarah ayat 119 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 119 - البَقَرَة - Page - Juz 1

﴿إِنَّآ أَرۡسَلۡنَٰكَ بِٱلۡحَقِّ بَشِيرٗا وَنَذِيرٗاۖ وَلَا تُسۡـَٔلُ عَنۡ أَصۡحَٰبِ ٱلۡجَحِيمِ ﴾
[البَقَرَة: 119]

(သူတို့၏မမှန်မကန်သော ကြွေးကြော်မှုနှင့်စပ်လျဉ်း၍ ဝမ်းနည်းစရာမလိုပေ။) မုချဧကန်၊ ငါအရှင်မြတ်သည် အသင် (တမန်တော်မုဟမ္မဒ်) ကို အမှန်တရားသစ္စာနှင့်အတူ သတင်းကောင်းပါးသူနှင့်သတိပေးနှိုးဆော်သူအဖြစ် စေလွှတ်တော်မူ၏။ မီးရှိန်ပြင်းသည့်ငရဲဘုံ၏အဖော်များနှင့်စပ်လျဉ်း၍ အသင်မေးမြန်း စစ်ကြောခြင်းခံရမည် အလျှင်း မဟုတ်ပေ။ (ယုံကြည်သူတို့သာ ပေါက်မြောက်အောင်မြင်မည့်အကြောင်း သတင်းကောင်းပါးခြင်းနှင့်မယုံကြည်သူ၊ အမှန်တရားကို ငြင်းဆန်ဖုံးကွယ်သူတို့အတွက် ဆိုးသွမ်းသော အကျိုးဆက်ရှိကြောင်း သတိပေးနှိုးဆော်ရန်သာ တာဝန်ရှိပြီး မယုံကြည်သူတို့အတွက် စိုးရိမ်ပူပင်စရာမလိုပေ။)

❮ Previous Next ❯

ترجمة: إنا أرسلناك بالحق بشيرا ونذيرا ولا تسأل عن أصحاب الجحيم, باللغة البورمية

﴿إنا أرسلناك بالحق بشيرا ونذيرا ولا تسأل عن أصحاب الجحيم﴾ [البَقَرَة: 119]

Ba Sein
၁၁၉။ မှတ်သားလော့၊ အေ မိုဟမ္မဒ် ငါသည် သင့်အား ဝမ်းမြောက်ဘွယ် သတင်းကောင်းကိုသော် လည်းကောင်း၊ ခြိိမ်းခြောက်သတိပေးစကားကိုသော်လည်းကောင်း၊ ပေးသူအဖြစ်ဖြင့် အမှန်ပင် စေလွှတ်တော်မူ၏။ ထို့ပြင် ငရဲမီးသို့လားရမည့်သူ၏ အကြောင်းကို သင့်အား စစ်ကြောမေးမြန်းတော် မူမည်မဟုတ်ပေ။
Ghazi Mohammad Hashim
(အလ္လာဟ် အရှင်မြတ်အဘို့မှာ ထိုအသိတရားကင်းမဲ့သူများနှင့် တိုက်ရိုက်စကားပြောရန်လည်းမလို၊ ယင်းသူတို့ထံ အထူးတလည် သက်သေလက္ခဏာများ ပို့ချရန်လည်း အကြောင်းမရှိ၊ အဘယ်ကြောင့်နည်းဟူမူ) ဧကန်အမှန် ငါအရှင်မြတ်သည် အသင် (မုဟမ္မဒ်)အား (ခပ်သိမ်းကုန်သောသတ္တဝါတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးရန်) မှန်ကန်သော တရားတော် နှင့်(ယုံကြည်လိုက်နာသူတို့ကို အကျိုးဆုလာဘ်များ ရရှိမည့် အကြောင်း) ဝမ်းမြောက်ဘွယ်ရာသော မင်္ဂလာသတင်း ပြောကြားသူအဖြစ်လည်းကောင်း၊ (မယုံမကြည် သွေဖည်ငြင်းဆန်သူတို့အား ပြစ်ဒဏ်များခံ စားရမည့်အကြောင်းကို) သတိပေး နှိုးဆော်သူ အဖြစ်လည်းကောင်း၊ စေလွှတ်တော်မူလေသတည်း။ သို့သော် (မိမိတို့ ကံကြမ္မာအားဖြင့် ငရဲလား ကြကုန်သော) ငရဲသားများ နှင့်ပတ်သက်၍ အသင်သည် (မည်သို့မျှပင် အပြစ်တင်) စောကြောစစ်ဆေး မေးမြန်ခြင်းကို ခံရမည်မဟုတ်ပေ။
Hashim Tin Myint
အမှန်မုချ ငါအရှင်မြတ်သည် အသင်(တမန်‌တော်)ကို အမှန်တရားနှင့်တကွ သတင်း‌ကောင်း‌ပေးသူအဖြစ်နှင့် သတိ‌ပေးနှိုး‌ဆော်သူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် အသင်(တမန်‌တော်)သည် ဂျဟန္နမ်ငရဲသားများနှင့်ပတ်သက်၍ အ‌မေးအမြန်းခံရမည်မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek