×

(ထို့ပြင် သတိရကြလော့၊ တမန်တော်) အီဗ်ရာဟီးမ်က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဤမြို့ဤဒေသကို ဘေးကင်းလုံခြုံရာဒေသအဖြစ် စီမံဖြစ်စေတော်မူပါ။ အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ 2:126 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:126) ayat 126 in Burmese

2:126 Surah Al-Baqarah ayat 126 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 126 - البَقَرَة - Page - Juz 1

﴿وَإِذۡ قَالَ إِبۡرَٰهِـۧمُ رَبِّ ٱجۡعَلۡ هَٰذَا بَلَدًا ءَامِنٗا وَٱرۡزُقۡ أَهۡلَهُۥ مِنَ ٱلثَّمَرَٰتِ مَنۡ ءَامَنَ مِنۡهُم بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۚ قَالَ وَمَن كَفَرَ فَأُمَتِّعُهُۥ قَلِيلٗا ثُمَّ أَضۡطَرُّهُۥٓ إِلَىٰ عَذَابِ ٱلنَّارِۖ وَبِئۡسَ ٱلۡمَصِيرُ ﴾
[البَقَرَة: 126]

(ထို့ပြင် သတိရကြလော့၊ တမန်တော်) အီဗ်ရာဟီးမ်က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဤမြို့ဤဒေသကို ဘေးကင်းလုံခြုံရာဒေသအဖြစ် စီမံဖြစ်စေတော်မူပါ။ အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ (ရှင်ပြန်ထမြောက်မည့်နေ့) ကို ယုံကြည်သူဟူသမျှ (မည်သူမဆို) အား သီးနှံရိက္ခာများ ထောက်ပံ့ကျွေးမွေးတော်မူပါ။” ဟု ဆုတောင်းလျှောက်တင်စဉ် ငါအရှင်မြတ်က (ယုံကြည်သူများ သာမက) မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့ကိုလည်း (ဤလောကီအတွက်) အနည်းငယ် ထောက်ပံ့ပေး၍ ခံစားစေတော်မူပြီးနောက် ပြစ်ဒဏ်ဆိုင်ရာငရဲမီးထဲသို့ မောင်းနှင်တွန်းပို့တော်မူလိမ့်မည်။ ထိုပန်းတိုင်သည် အလွန်ပင် ယုတ်ညံ့ဆိုးဝါးလှပေတကား။” ဟု မိန့်တော်မူ၏။

❮ Previous Next ❯

ترجمة: وإذ قال إبراهيم رب اجعل هذا بلدا آمنا وارزق أهله من الثمرات, باللغة البورمية

﴿وإذ قال إبراهيم رب اجعل هذا بلدا آمنا وارزق أهله من الثمرات﴾ [البَقَرَة: 126]

Ghazi Mohammad Hashim
ထို့ပြင်တဝ(ပြန်လည်အောက်မေ့ သတိရ ကြကုန်လော့) တပါးသောအခါ၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)သည် (အလ္လာဟ် အရှင်မြတ် အထံတော်၌ ဤသို့ လျှောက်ထား ပန်ကြားသည်၊) အို-ကျွန်တော်မျိုးအား မွေးမြူတော်မူသော အရှင်၊ ဤဒေသကို (ခပ်သိမ်းကုန်သော ဘေးရန်တို့မှ ကင်းစေ၍) ငြိမ်းချမ်းသာယာ (စည်ကားလှသော) မြို့တော် ဖြစ်ပါစေသတည်း၊ ထို့ပြင်ဤဒေသ၌ (မှီတင်းနေထိုင်ကြကုန်သော) မြို့သူမြို့သားများ အနက်မှ အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ (သေပြီးနောက် ပြန်လည်ရှင်ထမည့်) နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်သူ (အပေါင်း) တို့အားလည်း သစ်သီးဝလံ ခဲဘွယ်ဘောဇဉ် အမျိုးမျိုးကို စားသောက်သုံးစွဲရန်အလို့ငှာ ပေးသနားတော်မူပါ။(ထိုရောအခါ) အလ္လာဟ် အရှင်မြတ်က [အစ်ဗ်ရာဟီမ်] အသင်တင်လျှောက်သည့် ပတ္ထနာ ဆုမွန်ကို ငါအရှင်မြတ်သည် လက်ခံတော်မူလေပြီ။ သို့ငြားလည်း ငါအရှင်မြတ်သည် ဤမြို့သူမြို့သားများအနက်မှ ငါအရှင်မြတ်ကို မယုံမကြည ်သွေဖည် ငြင်းပယ်သူတို့အားလည်း အနည်းငယ် မျှကာလအဘို့ (လောကီ) စည်းစိမ်ကိုပေးသနားတော်မူမည်။ နောင် တမလွန်ဘဝ၌မူ ငါအရှင်မြတ်သည် ထိုသူတို့အား ငရဲမီးဘေးရှိရာသို့ အတင်းအကြပ် မောင်းနှင် (ပို့ဆောင်) တော် မူမည်။ အမှန်စင်စစ် (ယင်းသူတို့) လားရာခရီး လမ်းဆုံးစခန်း သည် အလွန်ပင်ဆိုးဝါးလှပေသည်တကား ဟု မိန့်ကြား တော်မူလေသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek