×

ငါအရှင်မြတ်သည် အိမ်တော် (ကအ်ဗဟ်ဝတ်ကျောင်းတော်) အား လူသားတို့အတွက် သွားရောက်ဆုံဆည်းရာဌာနနှင့်ဘေးကင်းလုံခြုံသော ခိုကိုးရာအဖြစ် စီမံဖြစ်စေတော်မူပြီး (သင်တို့က) “အီဗ်ရာဟီးမ်၏ရပ်တည်ရာစခန်းကို ဆွလာသ်ဝတ်ပြုရာနေရာအဖြစ် မှတ်ယူသတ်မှတ်ကြလော့။” 2:125 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:125) ayat 125 in Burmese

2:125 Surah Al-Baqarah ayat 125 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 125 - البَقَرَة - Page - Juz 1

﴿وَإِذۡ جَعَلۡنَا ٱلۡبَيۡتَ مَثَابَةٗ لِّلنَّاسِ وَأَمۡنٗا وَٱتَّخِذُواْ مِن مَّقَامِ إِبۡرَٰهِـۧمَ مُصَلّٗىۖ وَعَهِدۡنَآ إِلَىٰٓ إِبۡرَٰهِـۧمَ وَإِسۡمَٰعِيلَ أَن طَهِّرَا بَيۡتِيَ لِلطَّآئِفِينَ وَٱلۡعَٰكِفِينَ وَٱلرُّكَّعِ ٱلسُّجُودِ ﴾
[البَقَرَة: 125]

ငါအရှင်မြတ်သည် အိမ်တော် (ကအ်ဗဟ်ဝတ်ကျောင်းတော်) အား လူသားတို့အတွက် သွားရောက်ဆုံဆည်းရာဌာနနှင့်ဘေးကင်းလုံခြုံသော ခိုကိုးရာအဖြစ် စီမံဖြစ်စေတော်မူပြီး (သင်တို့က) “အီဗ်ရာဟီးမ်၏ရပ်တည်ရာစခန်းကို ဆွလာသ်ဝတ်ပြုရာနေရာအဖြစ် မှတ်ယူသတ်မှတ်ကြလော့။” (ဟု မိန့်တော်မူခဲ့၏)။ ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီးမ်နှင့်အစ္စမာအီးလ်တို့အား ငါအရှင်မြတ်၏အိမ်တော်ကို တဝါဖ်လှည့်လည်၍ ဝတ်ပြုသူများ၊ အိအ်တိကာဖ်တရားထိုင်သူများ၊ (ဝတ်ပြုစဉ်) ဦးညွတ်သူများနှင့်ဦးချသူများအတွက် သန့်စင်စေကြလော့။” ဟု တာဝန်အဖြစ် ပြဌာန်းတော်မူ၏။

❮ Previous Next ❯

ترجمة: وإذ جعلنا البيت مثابة للناس وأمنا واتخذوا من مقام إبراهيم مصلى وعهدنا, باللغة البورمية

﴿وإذ جعلنا البيت مثابة للناس وأمنا واتخذوا من مقام إبراهيم مصلى وعهدنا﴾ [البَقَرَة: 125]

Ba Sein
၁၂၅။ ငါသည် မက္ကာရှိ ကအ်ဗာဗလီကျောင်းတော်ကို လူသားတို့ သွားရောက်စုဝေးဖို့ရာ ဘေးမဲ့ဌာန ဖြစ်စေတော်မူ၏။ အေ၊ လူသားတို့ သင်တို့သည် တမန်တော်အီဗရာဟီမ် ဆွလာသ်ဝတ်ပြုရန် ရပ်တန့်သောနေရာကို သင်တို့၏ ဆွလာသ်ဝတ်ပြုရာနေရာအဖြစ်ဖြင့် အသုံးပြုကြလော့ဟု ဤဗလီ ကျောင်းတော်နှင့်ပတ်သက်၍ ဗျာဒိတ်ပေးတော်မူ၏။ ငါသည် တမန်တော်အီဗရာဟီမ်နှင့် တမန် တော် အစ္စမာအီလ်တို့အား သင်တို့နှစ်ဦးသည် ငါ၏ကျောင်းတော်ကို လူသားတို့လှည့်ခြင်း ကမ္မဋ္ဌာန်း ထိုင်ခြင်း၊ ဝတ်တက်ခြင်း စသည့် အထူးဝတ်တော်များကို ပြုဖို့ရာ သန့်ရှင်းစင်ကြယ် သုတ်သင် ရှင်းလင်းထားကြဟု ဗျာဒိတ်ပေးတော်မူ၏။
Ghazi Mohammad Hashim
၎င်းပြင် အသင်တို့သည် ပြန်လည်အောက်မေ့ သတိရကြကုန်လော့၊ အခါတပါး၌ ငါအရှင်မြတ်သည် (ကအ်ဗဟ်) ကျောင်းတော်မြတ်ကို လူခပ်သိမ်း တို့အဘို့ သွားရောက်စုဝေးရာ ဗဟိုဌာနအဖြစ်ဖြင့်လည်းကောင်း၊ အဘယဒါယီ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းရာ ဌာန အဖြစ်ဖြင့် လည်းကောင်း၊ ပြုလုပ်သတ် မှတ်တော်မူခဲ့လေပြီ။ ထို့ပြင်တဝ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) ရပ်တည် ရာနေရာကို ဆွလာတ်ဝတ်ပြုရန် နေရာအဖြစ် သတ်မှတ်ကြကုန်ဟူ၍ အသင်တို့ကို ငါမိန့်တော်မူခဲ့ လေသည်။ ထိုမှတပါး ငါအရှင်မြတ်သည် နဗီတမန်တော်အစ်ဗ်ရာဟီမ်(အ) နှင့် နဗီတမန်တော် အစ္စမာအီလ်(အ) တို့အားအသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ (ကအ်ဗဟ်) ကျောင်းတော်မြတ်ကို လှည့်ပတ် ဖူးမျှော်ကြသူတို့ အဘို့အရာလည်းကောင်း၊ တရားကိုနှစ်သက်၍ ထိုကျောင်းတော်၌ တစ်ကိုယ်တစ်ကာယတည်း အိအ်တိကာဖ် ပြုလုပ် သီတင်းသုံး နေထိုင်ကြသူတို့ အဘို့အရာ လည်းကောင်း၊ ဦးညွတ်ရိုကျိုးသော သူအပေါင်းတို့ အဖို့အရာလည်းကောင်း၊ ပျပ်ဝပ်ဦးချသောသူ အပေါင်းတို့ အဘို့အရာလည်းကောင်း ဤငါ၏အိမ်တော်ကို(ရုပ်ပွားဆင်းတု၊ အညစ်အကြေး၊ အစရှိသည်တို့မှ) ရှင်းလင်းထားကြရမည်ဟု အမိန့်တော်ကို ချမှတ်တော်မူခဲ့ လေသတည်း။
Hashim Tin Myint
ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ကအ်ဗဟ်‌ကျောင်း‌တော်* ကို လူများအားလုံးအတွက် အကြိမ်ကြိမ်ပြန်လှည့်လာရသည့်‌နေရာအဖြစ်နှင့် ငြိမ်းချမ်းမှုခိုလှုံရာဌာနအဖြစ် ပြုလုပ်သတ်မှတ်‌တော်မူခဲ့သည်။ ၎င်းပြင် အသင်တို့သည် (တမန်‌တော်)အိဗ်ရာဟီမ်ရပ်တည်သည့်‌နေရာကို စွလာသ်ဝတ်ပြုရာ‌နေရာအဖြစ် ပြုလုပ်ကြပါ။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)အိဗ်ရာဟီမ်နှင့် (တမန်‌တော်)အစ္စမာအီလ်တို့အား (ယခုကဲ့သို့)အမိန့်ချမှတ်‌တော်မူခဲ့သည်၊ အသင်တို့(တမန်‌တော်)နှစ်ဦးသည် (ငါအရှင်မြတ်၏အိမ်‌တော်ကို) သွဝါဖ် လှည့်ပတ်ဖူး‌မြော်ကြသူများ၊ အိအ်သိကာဖ် ဗလီထဲတွင် စွဲမြဲစွာ‌နေထိုင်လျက် အရှင်မြတ်၏နှစ်သက်မှုကို ရ‌အောင်ရှာ‌ဖွေသူများ၊ ရုကူအ် ကိုင်းညွတ်ရိုကျိုးသူများနှင့် စဂျ်ဒဟ် ဦးချသူများအတွက် ငါ၏အိမ်‌တော်ကို သန့်ပြန့်‌အောင် ရှင်းလင်းထားကြရမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek