×

(တမန်တော်) အီဗ်ရာဟီးမ်နှင့်အစ္စမာအီးလ်တို့က အိမ်တော်၏အခြေခံအုတ်မြစ်ကို ဆောက်တည်၍ မြှင့် တင်နေစဉ် “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့ထံမှ ဤကောင်းမှုကို 2:127 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:127) ayat 127 in Burmese

2:127 Surah Al-Baqarah ayat 127 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 127 - البَقَرَة - Page - Juz 1

﴿وَإِذۡ يَرۡفَعُ إِبۡرَٰهِـۧمُ ٱلۡقَوَاعِدَ مِنَ ٱلۡبَيۡتِ وَإِسۡمَٰعِيلُ رَبَّنَا تَقَبَّلۡ مِنَّآۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴾
[البَقَرَة: 127]

(တမန်တော်) အီဗ်ရာဟီးမ်နှင့်အစ္စမာအီးလ်တို့က အိမ်တော်၏အခြေခံအုတ်မြစ်ကို ဆောက်တည်၍ မြှင့် တင်နေစဉ် “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့ထံမှ ဤကောင်းမှုကို သဘောတူ လက်ခံတော်မူပါ၊ ဧကန်မုချ၊ အသင် (အရှင်မြတ်သည်) သာ အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။” (ဟု ဆုတောင်းခဲ့ကြသည်။)

❮ Previous Next ❯

ترجمة: وإذ يرفع إبراهيم القواعد من البيت وإسماعيل ربنا تقبل منا إنك أنت, باللغة البورمية

﴿وإذ يرفع إبراهيم القواعد من البيت وإسماعيل ربنا تقبل منا إنك أنت﴾ [البَقَرَة: 127]

Ba Sein
၁၂၇။ တမန်တော် အီဗရာဟီမ်နှင့်သားတော် အစ္စမာအီလ်တို့သည် ကအ်ဗာကျောင်းတော်နေရာတွင် ကျောက်မြစ်ချနေသောအခါ တမန်တော် အီဗရာဟီမ်က အို - ကျွန်ု်ပ်တို့၏အရှင်သခင်၊ အကျွန်ုပ်တို့ ၏ ဤကောင်းမှုကို လက်ခံတော်မူပါအရှင်၊ အရှင်မြတ်သာလျှင် အကြွင်းမဲ့ ကြားတော်မူသော အရှင် အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူပါ၏။
Ghazi Mohammad Hashim
ထိုမှတပါး (ပြန်လည်အောက်မေ့သတိရကြ ကုန်လော့) အခါတပါး၌ နဗီတမန်တော် အစ်ဗ်ရာဟီမ် (အ) နှင့်(သားတော်) နဗီတမန်တော် အစ္စမာအီလ် (အ)တို့သည်(ကအ်ဗဟ်) ကျောင်းတော်မြတ်၏ ကျောက်နံရံကို မြှင့်တင်နေစဉ် (ဤသို့ဆုမွန်များကို တောင်းဆိုကြကုန်၏)။ အိုကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ထံမှ (ဤကောင်းမှုကို မိမိ၏အနန္တကျေးဇူးတော်ဂုဏ်ဖြင့်) သဘောတူ လက်ခံယူတော်မူပါ၊ ဧကန်မုချ အရှင်သည်သာလျှင်(ကျွန်တော်မျိုးတို့ တောင်းဆိုသော ဆုများကို) ကြားတော်မူသောအရှင် (ကျွန်တော်မျိုး တို့၏အာသာန္ဒများကိုလည်း) သိတော်မူသောအရှင် ဖြစ်တော်မူပါ၏။
Hashim Tin Myint
ထို့ပြင် တစ်ခါက (တမန်‌တော်)အိဗ်ရာဟီမ်နှင့် (၎င်း၏သား‌တော် တမန်‌တော်)အစ္စမာအီလ်တို့သည် (ကအ်ဗဟ်)‌ကျောင်း‌တော်၏နံရံကို မြှင့်တင်(‌ဆောက်လုပ်)‌နေစဉ် (အရှင်မြတ်ထံ၌ ‌ပြောဆို‌လျှောက်ထားကြသည်) အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်တို့ထံမှ(‌ကျောင်း‌ဆောက်လုပ်သည့်‌ကောင်းမှုကို) လက်ခံ‌တော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek