×

အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့ကို အရှင့်ထံတော်၌ မွတ်စလင် (ခေါ် ကိုယ်စိတ်ဆန္ဒနှလုံးတို့ကို အရှင့်ထံ နာခံအပ်နှံသူ) နှစ်ဦးအဖြစ် 2:128 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:128) ayat 128 in Burmese

2:128 Surah Al-Baqarah ayat 128 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 128 - البَقَرَة - Page - Juz 1

﴿رَبَّنَا وَٱجۡعَلۡنَا مُسۡلِمَيۡنِ لَكَ وَمِن ذُرِّيَّتِنَآ أُمَّةٗ مُّسۡلِمَةٗ لَّكَ وَأَرِنَا مَنَاسِكَنَا وَتُبۡ عَلَيۡنَآۖ إِنَّكَ أَنتَ ٱلتَّوَّابُ ٱلرَّحِيمُ ﴾
[البَقَرَة: 128]

အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့ကို အရှင့်ထံတော်၌ မွတ်စလင် (ခေါ် ကိုယ်စိတ်ဆန္ဒနှလုံးတို့ကို အရှင့်ထံ နာခံအပ်နှံသူ) နှစ်ဦးအဖြစ် ဖြစ်စေတော်မူပါ၊ ကျွန်ုပ်တို့၏သားစဉ်မြေးဆက်မှလည်း အရှင့်ထံတော်၌ (အရှင်မြတ်က လက်ခံတော်မူဖွယ်ရာ) မွတ်စလင်လူထု အသိုင်းအဝိုင်းတစ်ခု ဖြစ်စေတော်မူပါ။ ကျွန်ုပ်တို့၏စိတ်ဆန္ဒကို အရှင့်ထံ နာခံအပ်နှံလျက် အရှင့်ဘက်သို့ လှည့်ထားပြီဖြစ်၍) အရှင့်ကရုဏာတော်ကိုလည်း ကျွန်ုပ်တို့ဘက်လှည့်စေတော်မူပါ။ မုချဧကန်၊ အရှင်မြတ်သည် နောင်တဖြင့် အရှင့်ဘက်သို့ လှည့်ခြင်းကို လက်ခံတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ربنا واجعلنا مسلمين لك ومن ذريتنا أمة مسلمة لك وأرنا مناسكنا وتب, باللغة البورمية

﴿ربنا واجعلنا مسلمين لك ومن ذريتنا أمة مسلمة لك وأرنا مناسكنا وتب﴾ [البَقَرَة: 128]

Ba Sein
၁၂၈။ အို - အကျွန်ုပ်တို့၏ အရှင်သခင်၊ အကျွန်ုပ်တို့ကို အရှင်အားကျိုးနွံနာခံစေတော်မူပါ။ အကျွန်ုပ်တို့၏ သားမြေးအဆက်ဆက်တို့ကိုလည်း အရှင်အား ကျိုးနွံနာခံသော အမျိုးအနွယ်ဖြစ်စေတော်မူပါ။ အကျွန်ုပ်တို့အား ဆွလာသ်ဝတ်ပြုနည်း အဖြာဖြာတို့ကို သွန်သင်ပြတော်မူပါ။ အကျွနု်ပ်တို့ကို အပြစ် စေလွှတ်တော်မူပါ။ အရှင်သည် အပြစ်လွှတ်တော်မူသောအရှင်၊ ကောင်းချီးမင်္ဂလာပေးတော်မူသော အရှင်ဖြစ်တော်မူပါ၏။
Ghazi Mohammad Hashim
အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ အရှင်သည် ကျွန်တော်မျိုးတို့အား မိမိ၏ အမိန့်တော်ကို ခံယူသူ မုစ်လင်မ်နှစ်ဦး ဖြစ်စေတော်မူပါ၊ ထိုနည်းတူစွာ ကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက် ကိုလည်း အရှင်၏ အမိန့်တော်ကို နာခံကြသူ မုစ်လင်မ်များ ဖြစ်စေတော်မူပါ၊ ထိုမှတပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား သာသနာရေး၌ လိုက်နာကြရမည်ဖြစ်သော နည်းနာနိဿရ အစီအစဉ်တို့ကိုလည်း စံနစ်တကျ ကျင့်သုံးနိုင်ကြစေခြင်းငှာ သင်ကြားပြသ ပေးသနားတော်မူပါ၊ ထို့ပြင်လည်း အရှင်မြတ်သည် ကျွန်တော်မျိုးတို့ဖက်သို့ ကရုဏာတော်ဖြင့် လှည့်တော်မူပါ၊ ဧကန်ဆတ်ဆတ် အရှင်မြတ်သည်သာလျှင် ကရုဏာတော်ဖြင့် အကြိမ်ကြိမ်အဖန်ဖန် လှည့်တော်မူသော အရှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာတော်မူသော အရှင် ဖြစ်တော်မူပါ၏။
Hashim Tin Myint
ထို့ပြင် အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား အရှင်မြတ်၏အမိန့်ကို(ပြည့်ပြည့်ဝဝ)နာခံသူ မွတ်စ်လင်မ်နှစ်ဦးအဖြစ် ပြုလုပ်‌တော်မူပါ။ ၎င်းပြင် ကျွန်ုပ်တို့၏ သားစဉ်‌မြေးဆက်ထဲမှလည်း အရှင်မြတ်၏အမိန့်ကို(ပြည့်ပြည့်ဝဝ)နာခံသူ မွတ်စ်လင်မ်အုပ်စုအဖြစ် ပြုလုပ်‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား အိဗာဒသ်ကိုးကွယ်နည်းဥပ‌ဒေများကို ပြသ‌ပေး‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့(ဘက်သို့ ကရုဏာနှင့်လှည့်ပြီး ကျွန်ုပ်တို့)၏ ဝန်ချ‌တောင်းပန်မှုကို လက်ခံခွင့်လွှတ်‌တော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည် အမှားဝန်ခံမှုကို အကြိမ်ကြိမ် လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek