Quran with Burmese translation - Surah Al-Baqarah ayat 133 - البَقَرَة - Page - Juz 1
﴿أَمۡ كُنتُمۡ شُهَدَآءَ إِذۡ حَضَرَ يَعۡقُوبَ ٱلۡمَوۡتُ إِذۡ قَالَ لِبَنِيهِ مَا تَعۡبُدُونَ مِنۢ بَعۡدِيۖ قَالُواْ نَعۡبُدُ إِلَٰهَكَ وَإِلَٰهَ ءَابَآئِكَ إِبۡرَٰهِـۧمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ إِلَٰهٗا وَٰحِدٗا وَنَحۡنُ لَهُۥ مُسۡلِمُونَ ﴾
[البَقَرَة: 133]
﴿أم كنتم شهداء إذ حضر يعقوب الموت إذ قال لبنيه ما تعبدون﴾ [البَقَرَة: 133]
Ba Sein ၁၃၃။ သို့မဟုတ် သင်တို့သည် တမန်တော်ယာကွပ်အသက်ကုန်ခါနီးတွင် ရှိကြသလော ထိုအခါ သူသည် မိမိ၏ သားမြေးတို့အား အမောင်တို့ ငါကွယ်လွန်လျှင် သင်တို့သည် မည်သည့်အရာကို ကိုးကွယ် မည်နည်းဟုမေး၏။ သူတို့က အို၊ ဖခင် အကျွန်ုပ်တို့ဥည် ဖခင်နှင့်တကွ ဖခင်၏ဘိုးဘဖြစ်သော တမန်တော်အီဗရာဟီမ်၊ တမန်တော် အစ္စမာအီလ်၊ တမန်တော် အစ္စဟတ်တို့၏ အရှင်သခင်အား ကိုးကွယ်ပါမည်။ အကျွန်ုပ်တို့သည် အရှင်မြတ်အား ကျိုးနွံကြပါ၏ ဟု ဖြေကြ၏။ |
Ghazi Mohammad Hashim နဗီတမန်တော် ယအ်ကူဗ်(အ) သည် အလ္လာဟ် ၏အမိန့်တော် ခံယူမည့်ဆဲဆဲ၌ မိမိ၏ သားများကို(အမောင်တို့) အသင်တို့သည် ငါကွယ်လွန်ပြီးသည့်နောက် မည်သည်ကို ဆည်းကပ် ကိုးကွယ်ကြမည်နည်းဟု မေးမြန်းတော်မူရာ သားများက (အို-ဖခမည်းတော်) ကျွန်တော်တို့သည် ကျေးဇူးရှင် မွေးသဖခင်နှင့်တကွ ဘခင်၏ ဘိုးဘေးများ ဖြစ်သော နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၊ နဗီတမန်တော် အစ္စမာအီလ်(အ)နှင့် နဗီတမန်တော် အစ္စဟာက်(အ) တို့၏ ကိုးကွယ်ဆည်းကပ်ရာ တစ်ဆူတည်းသော အလ္လာဟ် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြပါမည်။ ထိုအရှင်၏ တရား ဒေသနာတော်များကိုသာလျှင် မြေဝယ်မကျ နာခံကြမည့် မုစ်လင်မ်များ ဖြစ်ကြပါမည်ဟု ဖြေကြား ကြလေသည်။ နဗီတမန်တော် ယအ်ကူဗ်(အ)သည် မိမိ၏သားများကို ယင်းသို့မှာ ကြားနေစဉ်အသင်တို့သည် မိမိတို့ကိုယ်တိုင် ရှိခဲ့ကြပါသလော၊ (အမှန်သော် သင်တို့သည် ထိုအချိန်၌မရှိခဲ့ချေ။ သို့ဖြစ်ပါလျက် ထိုနဗီတမန်တော်များနှင့် စပ်လျဉ်း၍ အသင်တို့သည် ယခုအခါ၌ မည်သည့် နည်းဖြင့် ဤသို့ မဟုတ်မမှန်သော စကားကိုပြောဆိုနိုင်ကြပါသနည်း။) |
Hashim Tin Myint အသင်တို့သည် (တမန်တော်)ယအ်ကူဗ်ကွယ်လွန်ခါနီး၌ အသင့်ရောက်ရှိနေခဲ့ကြပါသလော၊ တစ်ခါက ၎င်း(တမန်တော်ယအ်ကူဗ်)သည် ၎င်း၏သားများကို ပြောခဲ့သည်၊ ငါ၏နောက်တွင် အသင်တို့သည် မည်သည့်အရာကို ကိုးကွယ်ကြမည်နည်း။ သူတို့က ပြောဆိုခဲ့ကြသည်၊ ကျွန်ုပ်တို့သည် ဖခင်နှင့်တကွ ဖခင်၏ဘိုး၊ဘေးများဖြစ်သည့် (တမန်တော်)အိဗ်ရာဟီမ်၊ (တမန်တော်)အစ္စမာအီလ်နှင့် (တမန်တော်)အစ္စဟာက်တို့၏ ကိုးကွယ်ရာအရှင် တစ်ပါးတည်းကိုသာ ကိုးကွယ်ကြပါမည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ထိုအရှင်၏ အမိန့်နာခံသူ(မွတ်စ်လင်မ်)များဖြစ်ကြပါသည်။ |