×

(အို၊ ရစူလ်တမန်တော်) သင်သည် သင်၏မျက်နှာကို ကောင်းကင်ယံဘက်သို့ မျက်နှာမူရှေးရှု၍ ငါအရှင်ထံတော်မှ ဆွလာသ်ဝတ်ပြုစဉ် မျက်နှာမူဦးတည်ရာကို ပြောင်းပေးတော်မူရန် အရှင့်အမိန့်အတွက် မျှော်ကိုးလျက် 2:144 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:144) ayat 144 in Burmese

2:144 Surah Al-Baqarah ayat 144 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 144 - البَقَرَة - Page - Juz 2

﴿قَدۡ نَرَىٰ تَقَلُّبَ وَجۡهِكَ فِي ٱلسَّمَآءِۖ فَلَنُوَلِّيَنَّكَ قِبۡلَةٗ تَرۡضَىٰهَاۚ فَوَلِّ وَجۡهَكَ شَطۡرَ ٱلۡمَسۡجِدِ ٱلۡحَرَامِۚ وَحَيۡثُ مَا كُنتُمۡ فَوَلُّواْ وُجُوهَكُمۡ شَطۡرَهُۥۗ وَإِنَّ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ لَيَعۡلَمُونَ أَنَّهُ ٱلۡحَقُّ مِن رَّبِّهِمۡۗ وَمَا ٱللَّهُ بِغَٰفِلٍ عَمَّا يَعۡمَلُونَ ﴾
[البَقَرَة: 144]

(အို၊ ရစူလ်တမန်တော်) သင်သည် သင်၏မျက်နှာကို ကောင်းကင်ယံဘက်သို့ မျက်နှာမူရှေးရှု၍ ငါအရှင်ထံတော်မှ ဆွလာသ်ဝတ်ပြုစဉ် မျက်နှာမူဦးတည်ရာကို ပြောင်းပေးတော်မူရန် အရှင့်အမိန့်အတွက် မျှော်ကိုးလျက် မကြာမခဏကြည့်နေသည်ကို ငါအရှင်မြတ်သည် မုချပင် တွေ့တော်မူ၏။ သို့ဖြစ်၍ ငါအရှင်မြတ်သည် သင့်အား ကျေနပ်နှစ်သက်စေမည့် ဦးတည်ရာဘက်သို့ သင့်ကို မျက်နှာမူဦးတည်စေတော်မူလိမ့်မည်။ (ယခုအချိန်မှစ၍) သင်၏မျက်နှာကို အလေးအမြတ်အထားရဆုံးသော ဝတ်ကျောင်းတော် (မတ်စ်ဂျီဒေဟရာမ်) ဘက်သို့ မျက်နှာ မူဦးတည်လော့။ (အို၊ ယုံကြည်သူအပေါင်းတို့) သင်တို့က မည်သည့် အရပ်ဒေသ၌ ရှိသည်ဖြစ်စေ၊ (ဝတ်ပြုစဉ် မျက်မူဦးတည်ရာကို ယင်း (ဝတ်ကျောင်းတော်) ဘက်သို့ မျက်နှာမူဦးတည်ကြလော့။ မုချဧကန်၊ ကျမ်းစာပေးခံရသူ (ဂျူးနှင့်ခရစ်ယာန်) တို့က ယင်း “(တမန်တော်အား ဆွလာသ်ဝတ်ပြုစဉ် ဦးတည်ရာ လှည့်စေတော်မူခြင်း)” သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံမှ (အမိန့်တော်) အမှန်တရားသစ္စာ ဖြစ်ကြောင်း အမှန်ပင် သိနေကြ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူဆောင်ရွက်သမျှကို သတိမမူ၊ မေ့လျော့ထားတော်မူသည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: قد نرى تقلب وجهك في السماء فلنولينك قبلة ترضاها فول وجهك شطر, باللغة البورمية

﴿قد نرى تقلب وجهك في السماء فلنولينك قبلة ترضاها فول وجهك شطر﴾ [البَقَرَة: 144]

Ba Sein
၁၄၄။ အေ - မိုဟမ္မဒ်၊ သင်သည် အထက်ကောင်းကင်ဘုံသို့ မျက်နှာမူ၍ ညွှန်ပြချက်ကို ပန်ထွာနေသည်ကို ငါ မြင်တော်မူ၏။ ငါသည် သင့်အား(ကေဗလာ)အသစ်ဘက်သို့ မျက်နှာမူစေတော်မူမည်။ ထို (ကေဗလာ)ကို သင်သည် အလွန်မြတ်နိုး၏။ ထို့ကြောင့် သင်သည် ဘေးမဲ့ဖြစ်သော ကအဘာဗလီ ကျောင်းတော်ဘက်သို့ မျက်နှာမူလော့။ အို - ယုံကြည်သူ မွတ်စလင်မ်အပေါင်းတို့ သင်တို့သည် မည်သည့်နေရာအရပ်တွင်ဖြစ်စေ ဆွလာဝတ်ပြုသောအခါ ထိုကအဘာကျောင်းတော်ဘက်သို့ မျက်နှာ မူကြလော့။ မှတ်သားကြလော့။ ရှေးကျမ်းတော်ကိုရရှိသောသူတို့သည် ကုရ်အာန်ကျမ်းတော် သည် သူတို့၏အရှင်သခင်အထံတော်မှ အမှန်ပင်ဖြစ်သည်ဟု သိကြ၏။ အလ္လာဟ်အရှင်မြတ်သည် သူတို့ ပြုကျင့်သည်ကို သိတော်မမူ မဟုတ်ပေ။
Ghazi Mohammad Hashim
အသင်သည် (မိမိစိတ်တွင်းဝယ် ဆွလာတ် ဝတ်ပြုရာ၌ မျက်နှာမူရန် ကအ်ဗဟ်ကျောင်းတော်ကို ကစ်ဗ်လဟ်ဖြစ်စေလို၍ အလ္လာဟ်အရှင်မြတ် အထံတော်မှ အမိန့်တော်ကို မျှော်လင့် လျက်) မိုးကောင်းကင်သို့ အကြိမ်ကြိမ် မျက်နှာမော်၍ ကြည့်နေသည်ကို ငါအရှင် မြတ်သည် မုချ မြင်တော်မူသည်ဖြစ်လေရာ အသင်နှစ်သက်လေသော ကစ်ဗ်လဟ် ဘက်သို့ အသင့်အား ငါအရှင်မြတ်သည် မုချဧကန် လှည့်၍ပေး တော်မူအံ့။ သို့ဖြစ်ရာ (အို-နဗီတမန်တော်) အသင်သည် မိမိ၏မျက်နှာကို (ယခုချိန်မှစ၍ ဆွလာတ်ဝတ်ပြုရာတွင်) မတ်စ်ဂျိဒေဟရာမ် (ဝါ) ကအ်ဗဟ်ကျောင်းတော်ဘက် သို့လှည့်ပါလေ။ ထိုမှတစ်ပါး အသင်တို့သည် မည်သည့် နေရာ (အရပ်ဒေသ) ၌ပင် ရှိနေစေကာမူ (ဆွလာတ်ဝတ်ပြုသောအခါ) ယင်း (မတ်စ် ဂျိဒေ့ဟရာမ်) ဘက်သို့သာလျှင် မိမိတို့မျက်နှာများကို လှည့်ကြကုန်လော့။ အမှန်စင်စစ် (အလ္လာဟ်အသျှင်မြတ်ထံမှ) ကျမ်းဂန်ရသော သူတို့သည်(လည်း) ထို (မတ်စ်ဂျိဒေ့ဟရာမ် ရှိရာဘက်သို့ မျက်နှာမူရန် အမိန့်တော်သည်) မိမိတို့အား မွေးမြူ တော်မူသော (အလ္လာဟ်) အရှင်မြတ်အထံတော်မှ ကျရောက်၍ မှန်ကန်သော အမိန့်တော်ပင်ဖြစ်သည်ဟု မုချအမှန် သိရှိကြကုန် ၏။ (သို့ရာတွင် မနာလိုမုန်းထားသော သဘောဖြင့်သာလျှင် မထီမဲ့မြင် ပြုကြလေသတည်း)။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်းသူတို့ ပြုမူကျင့်ကြံလေသော ကိစ္စရပ်များကို မေ့လျော့ လျစ်လျူရှုတော်မူမည့်အသျှင် မဟုတ်ပေ။
Hashim Tin Myint
အသင်(တမန်‌တော်)သည် မိုး‌ကောင်းကင်ဘက်သို့ အကြိမ်ကြိမ် မျက်နှာ‌မော်ကြည့်‌နေသည်ကို ငါအရှင် အမှန်စင်စစ်မြင်‌နေ‌တော်မူသည်။ ထို့အတွက် ငါအရှင်သည် အသင်(တမန်‌တော်)နှစ်သက်သည့် ကိဗ်လဟ်ဘက်သို့ အသင်(တမန်‌တော်)အား အမှန်စင်စစ် လှည့်‌ပေး‌တော်မူမည်။ ထို့အတွက်‌ကြောင့် အသင်(တမန်‌တော်)သည် (ယခုအချိန်က စပြီး) အသင်၏မျက်နှာကို မတ်စ်ဂျိဒိဟရာမ်(ကအ်ဗဟ်‌ကျောင်း‌တော်)ဘက်သို့ လှည့်လိုက်ပါ။ ထို့ပြင် အသင်တို့သည် မည်သည့်အရပ်‌ဒေသ၌ပင်ရှိသည်ဖြစ်‌စေ (စွလာသ်ဝတ်ပြုသည့်အခါ) ထို မတ်စ်ဂျိဒိဟရာမ်ဘက်သို့သာ အသင်တို့၏မျက်နှာများကို လှည့်ကြပါ။ ထို့ပြင် အမှန်စင်စစ် ကျမ်းရသူများက ထိုအမိန့်‌တော်သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံမှ အမှန်ပင်ဖြစ်‌ကြောင်း မုချသိကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူကြသည့် ကိစ္စရပ်များကို ‌မေ့‌လျော့‌တော်မူ‌သောအရှင် မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek